Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲ၌ TNLA နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်)နံနက်တွင် စစ်ကောင်စီတပ်က အင်အား ၆၀ဖြင့် TNLA စခန်းရှိရာ တပ်ကုန်းသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA

စစ်ကောင်စီတပ် ၁၅ဦးသေ၊ လက်နက်များရဟုTNLAထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တအာင်းတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ၁၅ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။

ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်)နံနက်တွင် စစ်ကောင်စီတပ်က အင်အား ၆၀ဖြင့် TNLA စခန်းရှိရာ တပ်ကုန်းသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – TNLA

တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ လက်နက်ကြီးတို့ ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ၂နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ စက်သေနတ်တစ်လက်၊ RPG တစ် လက်၊ သေနတ်နှစ်လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများရရှိခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – TNLA

စစ်ကောင်စီတပ်က ၁၅ဦးသေ၊ ၅ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပြီး TNLA ဘက်မှ ထိခိုက်မှုရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။ တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA သတင်းနှင့် ပြန်ကြားရေးဌာနသို့ ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ပန်ဝိုးကြီးရွာမှ နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်ရှိတွင် နန်ခုံရွာ၌ ဆက်လက်တပ်စွဲထားကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။