Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ဟု TNLA ထုတ်ပြန်

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဂျာယန်ကျေးရွာရှိ ဂျာယန်ပြည်သူ့စစ်စခန်းအတွင်း သိမ်းသွင်းစစ်မှုထမ်းစေသည့် တအာင်း(ပလောင်)လူမျိုး ၁၂၇ဦးအား TNLA တပ်မဟာ (၇)အဖွဲ့မှ ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA
ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA

▪️အင်အား ၅၀၀ကျော်ဖြင့် ပြည်သူ့စစ်စခန်းကို ဝင်စီးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံး ၃၀ကျော်ဖြင့် တိုက်ခိုက်

စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူစစ် တပ်ဖွဲ့စခန်းအား ဝင်ရောက်စီးနင်းပြီး တအာင်းလူမျိုး ၁၂၇ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ သတင်းထုတ်ပြန်သည်။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဂျာယန်ကျေးရွာရှိ ဂျာယန်ပြည်သူ့စစ်စခန်းအတွင်း သိမ်းသွင်းစစ်မှုထမ်းစေသည့် တအာင်း(ပလောင်)လူမျိုး ၁၂၇ဦးအား TNLA တပ်မဟာ (၇)အဖွဲ့မှ ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

TNLAမှ အင်အား ၅၀၀ကျော်အသုံးပြုပြီး ဖေဖော်ဝါရီ ၄ရက် နံနက် ၄နာရီတွင် ဂျာယန် ပြည်သူ့စစ်တပ်စခန်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီက လေကြောင်းမှ ဗုံးအလုံး ၃၀ထက်နည်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ဂျာယန်ကျေးရွာအနီးသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊မရှိကို ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။

ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA
ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – TNLA

ဂျာယန်ပြည်သူ့စစ်က အဓမ္မခေါ်ယူထားသူများအနက် အမျိုးသား ၁၁၂ဦး၊ အမျိုးသမီး ၁၅ဦးပါဝင်ပြီး ၂၀ဦးမှာ အသက် ၈နှစ်မှ ၁၇အရွယ် ကလေးငယ်များဖြစ်ကာ ၁၀၇ဦးမှ အသက် ၁၈နှစ်မှ ၆၅ နှစ်အတွင်းရှိသူများဖြစ်သည်ဟု ထုတ်ပြန်သည်။

ဂျာယန် ပြည်သူ့စစ်စခန်းအား ဝင်ရောက်စီးနင်းစဉ် အပြန်အလှန် ပစ်ခတ်မှုရှိမရှိနှင့် နှစ်ဖက် ထိခိုက်ကျဆုံးရှိမရှိကို ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA
ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – TNLA

အဆိုပါ ပြည်သူ့စစ်စခန်းအား ဝင်ရောက်စီးနင်းသည့်နေ့ကလည်း TNLA တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ နှစ်ဖက်ကျဆုံးအခြေအနေကို မသိဟု ဖြေကြားထားသည်။

TNLA အနေဖြင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်ကောင်စီက နမ့်ဆန်မြို့နယ်ရှိ TNLA တပ်စခန်းကို လေကြောင်းမှ အင်အားလုံးအရင်း အသုံးပြုစီးနင်းတိုက်ခိုက်ခဲ့၍ တစ်ပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့ပြီး TNLA ဘက်ကလည်း ကျဆုံးထိခိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

Facebook