Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီးနောက် KNU နယ်မြေရှိ အရပ်သားများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်ပြုလုပ်ခဲ့ဟု ထုတ်ပြန်

KNU ကော်သူးလေအုပ်ချုပ်နယ်မြေခရိုင် (၇) ခရိုင်အတွင်း နေထိုင်သောအပြစ်မဲ့အရပ်သား ပြည်သူများအားပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၃၀၇)ကြိမ်ခန့်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

▪️ပြည်သူ ၃၆ဦးသေဆုံးခဲ့ပြီး ၅၀ကျော် ဒဏ်ရာရ၊ ကျောင်း၊ ဆေးရုံးနှင့် နေအိမ်များစွာ ပျက်စီးခဲ့

အာဏာသိမ်းပြီးနောက်ရက်ပေါင်း(၇၅၁) ရက်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များက ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေရှိ အပြစ်မဲ့အရပ်သား ပြည်သူများကို ပစ်မှတ်ထားပြီးလေကြောင်း တိုက်ခိုက်မှုအကြိမ် ၃၀၀ ကျော်ပြုလုပ်ခဲ့သည်ဟု KNU ဗဟိုက ယနေ့ထုတ်ပြန်သည်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေခရိုင် (၇) ခရိုင်အတွင်း နေထိုင်သောအပြစ်မဲ့အရပ်သား ပြည်သူများအားပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၃၀၇)ကြိမ်ခန့်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

ယခုထုတ်ပြန်သည့်အရေအတွက်သည် အရပ်သားပြည်သူများအား ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများသာဖြစ်ပြီး တပ်ပိုင်းဆိုင်ရာသို့ လာရောက် တိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများအား ထည့်သွင်းရေတွက်ထားခြင်းမရှိကြောင်း အသိပေးထားသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်ခံရ၍ အပြစ်မဲ့အရပ်သားပြည်သူ ၅၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၃၆) ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

ထို့ပြင် နေအိမ် (၂၅၈)လုံး၊ စာသင်ကျောင်း (၁၂) ကျောင်း၊ ဆေးရုံ (၆) လုံး၊ ပြည်သူပိုင်အဆောက် အဦး (၃၅) လုံး၊ ဘုန်းကြီးကျောင်း (၄) ကျောင်း၊ သီလရှင်ကျောင်း (၁) ကျောင်း၊ ခရစ္စယာန်ဘုရားကျောင်း (၈)ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အသေးစိတ်အချက်အလက်များကို KNUမှ မကြာခင် ထုတ်ဝေမည့် လူ့အခွင့်အရေးအစီရင်ခံစာတွင် အသေးစိတ်ထည့်သွင်းဖော်ပြ သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။