Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့ရှိ စစ်​ကောင်စီတပ်ရင်းများကို PDF ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီက ညနေ ၃နာရီခန့်အထိ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (Thabeikkyin PDF ) မိုးကုတ်ဗျူဟာတပ်ရင်းအမှတ် ၁၂၂၂ မှတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TBK-PDF)
(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (Thabeikkyin PDF ) မိုးကုတ်ဗျူဟာတပ်ရင်းအမှတ် ၁၂၂၂ မှတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TBK-PDF)

မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများအားမိုးကုတ်ဗျူဟာတပ်ရင်းက လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ​ဒေသခံအချို့နှင့်တိုက်ခိုက်ခဲ့​သောအဖွဲ့က​ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်း ၂၂၃၊၂၇၆နှင့် ၃၄၈ တပ်ရင်းများကို ဖေဖော်ဝါရီ၂၀ရက် နံနက်ပိုင်းတွင်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း သပိတ်ကျင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (Thabeikkyin PDF ) မိုးကုတ်ဗျူဟာတပ်ရင်းအမှတ် ၁၂၂၂ က သတင်းထုတ်ပြန် သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက်​အောက်ရှိ PDFတပ်ရင်းများဖြစ်​သောမိုးကုတ်ဗျူဟာတပ်ရင်း ၁၂၂၁၊ ၁၂၂၂နှင့်မိုးကုတ်ဗျူဟာလက်နက်ကြီးအဖွဲ့(တပ်ရင်းအမှတ် ၁၂၂၁၊၁၂၂၂၊၁၂၂၃) တို့ကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

” စစ်ကောင်စီ၏ မိုးမိတ်တပ်ရင်းများသို့ နံနက် ၇နာရီ ၄၅မိနစ်အချိန်တွင် ၆၀မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ရင်း ၂၂၃ နှင့် ၂၇၆ ကြားတွင်တစ်ကြိမ်၊ ဂိတ်စခန်းအနီးတွင်တစ်ကြိမ်၊ ဗျူဟာရုံးအနီးတွင်တစ်ကြိမ် ပစ်ခတ်ထိမှန်ခဲ့သည်။ ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုအခြေအနေကိုလက်ရှိအချိန်တွင်မသိရသေးပါ”ဟုတပ်ရင်းအမှတ် ၁၂၂၂ က ဖေဖော်ဝါရီ ၂၁ရက်တွင်သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီက ညနေ ၃နာရီခန့်အထိ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ရခြင်း၏အဓိကရည်ရွယ်ချက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်၌သာမကနောက်တန်းတပ်စခန်းများမှ မိသားစုဝင်များလည်း အသက်အာမခံချက်မရှိကြောင်းနှင့်လုံခြုံမှုမရှိကြောင်း သိရှိစေရန်ဖြစ်​ကြောင်းအသိ​ပေးထားသည်။ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများကိုမူ အတည်ပြုနေဆဲဖြစ်ပြီးသိရပါက သတင်း ထပ်မံထုတ်ပြန်မည်ဟု ​ဖော်ပြထားသည်။

“ပစ်တာကတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကပစ်တာ”ဟု မိုးမိတ်မြို့ခံတစ်ဦးကလည်း အဆိုပါတိုက်ခိုက်မှုကိုအတည်ပြု​ပေးသည်။စစ်​ကောင်စီဘက်မှာဒေသခံပြည်သူများကို တပ်ရင်းရှိရာ​နေရာ အနီးဝန်းကျင်သို့ဖြတ်သန်း

ခွင့်မပြု၍ ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို သိရှိရရန်မလွယ်ကူ​ကြောင်းလည်း အဆိုပါ​ဒေသခံက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။