Connect with us

Hi, what are you looking for?

News

တနိုင်း-ရှင်ဗွေယန်လမ်းတွင် စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီတပ်ဖွဲ့သည် တရုံကျေးရွာမှ တခက်ဘက်သို့ စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ သို့​သော် တိုက်ပွဲ၌ နှစ်ဖက် ထိခိုက်ကျ ဆုံးမှုရှိမရှိကို ဖော်ပြမထားပေ။

ကချင်ပြည်နယ် တနိုင်းမြို့နယ် တခက်နှင့် တရုံကျေးရွာအကြား စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၏ သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmeseက ယနေ့ညပိုင်းတွင် သတင်းဖော်ပြသည်။

စစ်ရေးတင်းမာနေသည့် တနိုင်း – ရှင်ဗွေယန်လမ်းပိုင်းတွင် စက်တင်ဘာ ၁၅ရက် နံနက်အစောပိုင်းက စစ်ကောင်စီတပ်ကို KIAက ထပ်မံတိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် တရုံကျေးရွာမှ တခက်ဘက်သို့ စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ သို့​သော် တိုက်ပွဲ၌ နှစ်ဖက် ထိခိုက်ကျ ဆုံးမှုရှိမရှိကို ဖော်ပြမထားပေ။

အဆိုပါဒေသ၌ စစ်ကောင်စီတပ်ဖွဲ့မှ ကျေးရွာအနီးတဝိုက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူများ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ကျေးရွာအတွင်းတပ်စွဲနေထိုင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းရှိနေ၍ တိုက်ပွဲပြင်းထန်လာမည်ကို ပြည်သူများ စိုးရိမ်နေကြောင်း Kachinnet Burmese က သတင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

KIA တပ်မဟာ(၂)၊ တပ်ရင်း (၄၅) နယ်မြေဖြစ်သည့် တနိုင်းမြို့နယ်တွင် စက်တင်ဘာ ၁၀ရက်က တစ်ကြိမ်၊ စက်တင်ဘာ ၈ရက်တွင်တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်သည် စက်တင်ဘာ ၇ရက်မှစ၍ စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIAက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။