Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ဘက်ခ်မတ်မှာ မြို့ထဲ လမ်းတွေထိ တိုက်ပွဲတွေ ပြင်းထန်လာ

ရုရှားဟာ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ ထိန်းချုပ်နယ်မြေတွေ ဆက်တိုက် လက်လွှတ်ခဲ့ရပြီး စစ်မြေပြင်မှာ အဆုံးအရှုံးတွေ ဆက်တိုက် ကြုံနေခဲ့ရပါတယ်။ တကယ်လို့ ဘက်ခ်မတ်ကိုသာ သိမ်းယူနိုင်ခဲ့မယ်ဆိုရင် ရုရှားအတွက် ရှားရှားပါးပါး စစ်မြေပြင် အောင်ပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်။

ရုရှား သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ဘက်ခ်မတ်မှာ မြို့ထဲ လမ်းတွေထိ တိုက်ပွဲတွေ ပြင်းထန်လာ
ရုရှား သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ဘက်ခ်မတ်မှာ မြို့ထဲ လမ်းတွေထိ တိုက်ပွဲတွေ ပြင်းထန်လာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားနဲ့ ယူကရိန်းတပ်တွေ အကြိတ်အနယ် စစ်ခင်းနေရာ ဘက်ခ်မတ် မြို့ထဲမှာ တိုက်ပွဲတွေက မြို့ထဲထိ ရောက်လာခဲ့ကြောင်း သိရပါတယ်။

ဘက်ခ်မတ်မှာ အရပ်သား ၄၀၀၀ လောက်က အတတ်နိုင်ဆုံး ဘေးအန္တရာယ် ကင်းလောက်တဲ့ နေရာတွေမှာ ခိုလှုံနေကြပြီး သောက်ရေ၊ လျှပ်စစ်နဲ့ ဓာတ်ငွေ့ ပြတ်လပ်မှုတွေ ကြုံနေတယ်လို့ ဘက်ခ်မတ်ရဲ့ ဒုတိယ မြို့တော်ဝန် အိုလက်ဆန်ဒါ မာချန်ကိုက ပြောပါတယ်။

ဒွန်းဘက်စ်ခ် ဒေသမှာရှိတဲ့ ဘက်ခ်မတ်မြို့ဟာ ရုရှားရဲ့ ထိုးစစ်ကို ဆောင်းရာသီ တလျှောက်လုံး ကြံ့ကြံ့ခံ အံတုခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရုရှားဖက်က သိသိသာသာ စစ်ရေးသာလာသလို မြို့ကို ဝန်းရံ ပိတ်ဆို့လာခဲ့ပါတယ်။ အဲဒီနောက် မြို့ထဲက ခုခံရေး တပ်တွေကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေကြောင်း ယူကရိန်း အစိုးရက ဝန်ခံခဲ့ပါတယ်။

အခုတော့ တိုက်ပွဲတွေဟာ မြို့ရဲ့ လမ်းတွေထဲထိ ကူးစက်ရောက်ရှိလာပေမယ့် ရုရှားတပ်တွေက ဘက်ခ်မတ်ကို မထိန်းချုပ်နိုင်သေးဘူးလို့ မာချန်ကိုက အတည်ပြုပါတယ်။

Public Service Announcement

Public Service Announcement

မြို့ထဲမှာလည်း အကောင်းအတိုင်း ကျန်တဲ့ အဆောက်အအုံရယ်လို့ လက်ကျန် မရှိတော့ဘဲ တစ်မြို့လုံးနီးပါး ပျက်စီးနေပြီလို့ သူက ဆက်ပြောပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ ထိန်းချုပ်နယ်မြေတွေ ဆက်တိုက် လက်လွှတ်ခဲ့ရပြီး စစ်မြေပြင်မှာ အဆုံးအရှုံးတွေ ဆက်တိုက် ကြုံနေခဲ့ရပါတယ်။ တကယ်လို့ ဘက်ခ်မတ်ကိုသာ သိမ်းယူနိုင်ခဲ့မယ်ဆိုရင် ရုရှားအတွက် ရှားရှားပါးပါး စစ်မြေပြင် အောင်ပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်။

မြို့ပြင် ဆင်ခြေဖုံး ဧရိယာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို လမ်းတွေပေါ်ထိလည်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာပြီလို့ မာချန်ကိုက အတည်ပြုပါတယ်။

ရုရှားအနေနဲ့ ဘတ်ခ်မတ်ကို အရင်းအနှီး ကြီးကြီး စိုက်ထုတ်ပြီး သိမ်းယူဖို့ ကြိုးစားနေပေမယ့် စစ်ရေး သုတေသီ တချို့က အဲဒီမြို့ရဲ့ မဟာဗျူဟာ တန်ဖိုးကို မေးခွန်းထုတ်နေကြပါတယ်။ လူဦးရေ ၇၅၀၀၀ လောက် နေထိုင်ခဲ့ဖူးပြီး သတ္တုတွင်း လုပ်ငန်းတွေ အဓိက ဖွံ့ဖြိုးရာ မြို့ကို သိမ်းယူဖို့အတွက် ရုရှားစစ်သည် ထောင်သောင်းချီ အသက်ဆုံးရှုံးခဲ့တယ်လို့ ယူဆရပါတယ်။

မာချန်ကိုကတော့ ဘက်ခ်မတ်ဟာ တစ်မြို့လုံးနီးပါး ပျက်စီးနေပြီး ရုရှားအတွက် အခြေစိုက် စခန်းအဖြစ် အသုံးပြုနိုင်စရာတောင် မရှိတော့ပေမယ့် ရုရှားတပ်တွေက အသည်းအသန် တိုက်ခိုက်နေတာဟာ ယူကရိန်း ပြည်သူတွေကို လူမျိုးသုဉ်း သတ်ဖြတ်ချင်လို့သာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။