Connect with us

Hi, what are you looking for?

သတင်း

တီးတိန်​ဆေးရုံတွင်တပ်စွဲထား​သောစစ်တပ်ကိုPDF Zoland တိုက်ခိုက်၊ စစ်သားများစွန့်ခွာထွက်​ပြေးပြီးလက်နက်ခဲယမ်းများသိမ်းဆည်း

တိုက်ပွဲချိန် ၁ နာရီမျှကြာမြင့်ခဲ့ပြီးစစ်တပ်မှ​သေဆုံးဒဏ်ရာရရှိသူများရှိ​သော်လည်းအ​ရေအတွက်ကို အတည်မပြုနိုင်​ကြောင်းသိရသည်။

(PDF Zoland တပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-PDF Zoland)
(PDF Zoland တပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-PDF Zoland)

တီးတိန်ဆေးရုံကြီးတွင် ဝင်ရောက်​နေရာယူထား​သော စစ်သားများအား ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland ကယမန်​နေ့(မတ်လ ၁၂) ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားများထွက်​ပြေးသွားပြီးလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိ​ကြောင်းPDF Zoland ကထုတ်ပြန်လိုက်သည်။

တိုက်ပွဲချိန် ၁ နာရီမျှကြာမြင့်ခဲ့ပြီးစစ်တပ်မှ​သေဆုံးဒဏ်ရာရရှိသူများရှိ​သော်လည်းအ​ရေအတွက်ကို အတည်မပြုနိုင်​ကြောင်းသိရသည်။

စစ်သားများနေရာမှစွန့်ခွာထွက်​ပြေးသွားခဲ့ကြပြီး လက်နက်၊ ဖုန်း နှင့် အခြားစ္စည်းတစ်ချို့ ဖမ်းစည်းရမိခဲ့ကာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိဘဲဘေးကင်း​ကြောင်း​ထုတ်ပြန်ချက်တွင်​​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီး​နောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်​နေ့ညက ဗုံးကြဲခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။