Connect with us

Hi, what are you looking for?

သတင်း

NUGဝါရှင်တန်ရုံးမှာ ဒုနိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ လာရောက်တွေ့ဆုံ

အဲဒီဆွေးနွေးပွဲသို့ NUGသတင်း၊ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီးဦးထင်လင်းအောင်လည်းတက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - MOFA NUG - DC
ဓာတ်ပုံ - MOFA NUG - DC

▪️မြန်မာပြည်သူတွေကို အကူအညီတိုးမြှင့်ပေးနိုင်ရေး ထည့်သွင်းဆွေးနွေး

အမေရိကန်မြို့တော်ဝါရှင်တန်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခန်းသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့အဖွဲ့ မနေ့က(မတ်လ ၁၃ ရက်)လာရောက်ခဲ့တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဦးဆောင်တဲ့အဖွဲ့ကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ကြိုဆိုလက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာပြည်အခြေအနေများ၊ အမေရိကန်ပြည်ထောင်စုရဲ့ရပ်တည်ချက်များနဲ့ အကူညီပေးနိုင်မယ့်ကိစ္စရပ်များအား ဆွေးနွေးခဲ့တယ်လို့ NUG ဝါရှင်တန်ရုံးက ဖော်ပြပါတယ်။

“NUG ရဲ့ ဝါရှင်တန်ရုံးမှာ ဦးမိိုးဇော်ဦးနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေကို အကူအညီတွေ ဘယ်လိုတိုးမြှင့်ပေးရမလဲဆိုတာနဲ့ အားလုံးပါဝင်ကာ ဒီမိုကရေစီနည်းကျ နိုင်ငံကို ငြိမ်းချမ်းစွာကူးပြောင်းနိုင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်”လို့ အတိုင်ပင်ခံ Derek Chollet က အသိပေးပါတယ်။

အဲဒီဆွေးနွေးပွဲသို့ NUGသတင်း၊ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီးဦးထင်လင်းအောင်လည်းတက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။