Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင် မတရားအကြမ်းဖက်မှုကြောင့် ကျဆုံးခဲ့ရသူများအပေါ် သစ္စာစောင့်သိ တော်လှန်တိုက်ပွဲဝင်သွားမည်ဟု NUCC အသိပေး

၁၉၈၈တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်သည် နိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှု၏ အထင်ကရမှတ်တိုင်တစ်ခုဖြစ်သော ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာစေရေးအတွက် တွန်းအားတစ်ခုဖြစ်စေခဲ့ကြောင်း NUCCက ဆိုသည်။

(ပြီးခဲ့သည့် ၂၀၂၂ မတ်လ၁၃ရက်က ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၄)နှစ်မြောက်အဖြစ် ရန်ကုန်မြို့၌ ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ရန်ကုန်ဒရုန်း)
(ပြီးခဲ့သည့် ၂၀၂၂ မတ်လ၁၃ရက်က ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၄)နှစ်မြောက်အဖြစ် ရန်ကုန်မြို့၌ ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ရန်ကုန်ဒရုန်း)

▪️ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း(၃၅)နှစ် မြောက်နှစ်ပတ်နေ့သို့ ယာယီသမ္မတ၊ ဝန်ကြီးချုပ် သဝဏ်လွှာပို့

စစ်အာဏာရှင်၏ မတရားအကြမ်းဖက်မှုကြောင့် ကျဆုံးသွားကြရသော ခေတ်အဆက်ဆက် အာဇာနည်သူရဲကောင်းတို့၏ တော်လှန်ရေးသစ္စာကို စောင့်သိလျက် အဆိုပါသူရဲကောင်းတို့ မျှော်လင့်တောင့်တခဲ့ကြသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ထောင် နိုင်သည် အထိ တွဲလက်ညီညီဖြင့် တော်လှန်တိုက်ပွဲဝင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က အသိပေးသည်။

ယနေ့ (မတ်လ ၁၃ရက်)သည် အာဏာရှင်လက် အောက်တွင် တရားဥပဒေစိုးမိုးရေးအတွက် တောင်းဆိုရင်း အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခဲ့သည့် (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ရာ NUCCက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

၁၉၈၈တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်သည် နိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှု၏ အထင်ကရမှတ်တိုင်တစ်ခုဖြစ်သော ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာစေရေးအတွက် တွန်းအားတစ်ခုဖြစ်စေခဲ့ကြောင်း NUCCက ဆိုသည်။

ရှစ်လေးလုံးအရေးတော်ပုံသည် ကျောင်းသူ၊ကျောင်းသားလူငယ်များမှ ဦးဆောင်ခဲ့သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည့်နည်းတူ လက်ရှိနွေဦးတော်လှန်ရေးတွင်လည်း ကျောင်းသားသမဂ္ဂစသော မျိုးဆက်သစ်လူငယ်များက ဦးဆောင်၍ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ အဆုံးသတ်စေရန် အလွှာ အသီးသီးမှ နည်းလမ်းပေါင်းစုံဖြင့် တော်လှန်နေသော အရေးတော်ပုံကြီးတစ်ရပ်အဖြစ် ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တော်လှန်တိုက်ပွဲဝင်ကြရာတွင်လည်း ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကဲ့သို့ အကြမ်းဖက်လူ့အခွင့်အရေးချိုးဖောက်ခံရမှုကြောင့် ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းလည်း ထောင်ချီလျက်ရှိနေပြီဖြစ်ကြောင်း အသိပေးထားသည်။

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း(၃၅)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့က သဝဏ်လွှာပေးပို့ခဲ့သည်။

စစ်အာဏာရှင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်က ပြည်သူ့အာဏာကို အဓမ္မလုယူလိုက်သည့်အတွက် လက်ရှိတွင် နိုင်ငံတဝှမ်း စစ်မီးတောက်လောင် ကာ ပြည်သူလူထုများစွာ ဒုက္ခအတိရောက်နေရကြောင်း၊ ဘေးဒုက္ခများသည် စစ်အာဏာရှင် များ တည်ရှိနေသရွေ့ ဆက်လက်ဖြစ်ပွားနေဦးမည်သာ ဖြစ်ကြောင်း ယာယီသမ္မတ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

လူထု၏ခေတ်ကာလအဆက်ဆက် ခုခံတော်လှန်မှုဟာ အလွန်အရင်းအနှီးကြီးကြောင်း မမေ့မလျော့ သတိချပ်ရမည်ဟုလည်း ယာယီသမ္မတက ပြောသည်။

စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်ဖျက်သိမ်းကာ တိုင်းရင်းသားအားလုံး လိုလားတောင့်တကြသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်မှသာ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ အပါအဝင် ၎င်းတို့ကဲ့သို့ အသက်ပေးလှူသွားကြသော ပြည်သူ့အာဇာနည်အားလုံးအတွက် တရားမျှတမှုရရှိစေ ပြီး ငြိမ်းချမ်းစွာ နားခိုနိုင်ကြမည်ဖြစ် ကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပြီးနွေဦးတော်လှန်ရေး အောင်မြင်ပေါက်မြောက်သည်အထိကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ခေတ်အဆက်ဆက် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေးအတွက် ပေးဆပ်ကြရာ၌ ထင်ပေါ်ကျော်ဇောသူဖြစ်စေ အညတရ သူရဲကောင်းဖြစ်စေ ၎င်းတို့မိသားစုဝင်များအားလုံး၏ နစ်နာဆုံးရှုံးမှုအားလုံးကိုလေးနက်စွာ ထပ်တူထပ်မျှ စာနာပူဆွေးနွေးကြောင်း ပြောကြားသည်။

၎င်းပေးဆပ်မှုတိုင်းသည် အလဟဿမဖြစ်ခဲ့ဘဲ အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် ဒီမိုကရေစီ နှင့် နိုင်ငံသားတိုင်း လူ့အခွင့်အရေးများအပြည့်အ၀ ရရှိရေးအတွက် ခရီးလမ်းတလျှောက် အုတ်မြစ်ကောင်းများအဖြစ် မှတ်ကျောက်တင် တည်ရှိနေသည်ဟု ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် မဝေးတော့သည့်တော်လှန်ရေးအောင်ပွဲ ပန်းတိုင် ရောက်သည်အထိ ညီညွတ်စွာ အစွမ်းကုန် ကြိုးပမ်း လျှောက်လှမ်းမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။