Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ သစ်အချောထည်စက်ရုံမီး အမှိုက်မီးရှို့ရာမှစတင်ဟုဆို

မတ်လ ၁၃ ရက် ည ၁၂ နာရီခန့်တွင် ယင်းမီးလောင်မှူစတင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်များစေလွှတ်ကာ ၁နာရီခန့် ငြှိမ်းသတ်ခဲ့ရသည်။

(သစ်အချောထည်စက်ရုံ မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - Than Htay)
(သစ်အချောထည်စက်ရုံ မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - Than Htay)

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက်ရှိ သစ်အချောထည်စက်ရုံ မီးလောင်မှုမှာ အမှိုက်မီးရှို့ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဆောက်အဦးဘေး အမှိုက်ပုံမီးရှို့ရာက စလောင် တာပါ။ ဆုံးရှုံးမှုက ကျပ်သိန်း၃၁၀ ကျော်တယ်”ဟု ၎င်းက ပြောသည်။

မတ်လ ၁၃ ရက် ည ၁၂ နာရီခန့်တွင် ယင်းမီးလောင်မှူစတင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်များစေလွှတ်ကာ ၁နာရီခန့် ငြှိမ်းသတ်ခဲ့ရသည်။

မီးလောင်ချိန်တွင် လေတိုက်နေသလို လောင်စာများသည့် နေရာဖြစ်သော်လည်း ဘေးရှိအဆောက်အဦးများကို ကူးစက်ခြင်းမရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

ယင်းမီးလောင်မှု အပြီးတွင် မန္တလေးတိုင်းစည်ပင်သာယာရုံးအနီးရှိ စတိုးဆိုင်တစ်ခုတွင် မီးလန့်မှုဖြစ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။