Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့ သစ်အချောထည်စက်ရုံမီး အမှိုက်မီးရှို့ရာမှစတင်ဟုဆို

မတ်လ ၁၃ ရက် ည ၁၂ နာရီခန့်တွင် ယင်းမီးလောင်မှူစတင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်များစေလွှတ်ကာ ၁နာရီခန့် ငြှိမ်းသတ်ခဲ့ရသည်။

(သစ်အချောထည်စက်ရုံ မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - Than Htay)
(သစ်အချောထည်စက်ရုံ မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - Than Htay)

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက်ရှိ သစ်အချောထည်စက်ရုံ မီးလောင်မှုမှာ အမှိုက်မီးရှို့ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဆောက်အဦးဘေး အမှိုက်ပုံမီးရှို့ရာက စလောင် တာပါ။ ဆုံးရှုံးမှုက ကျပ်သိန်း၃၁၀ ကျော်တယ်”ဟု ၎င်းက ပြောသည်။

မတ်လ ၁၃ ရက် ည ၁၂ နာရီခန့်တွင် ယင်းမီးလောင်မှူစတင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်များစေလွှတ်ကာ ၁နာရီခန့် ငြှိမ်းသတ်ခဲ့ရသည်။

မီးလောင်ချိန်တွင် လေတိုက်နေသလို လောင်စာများသည့် နေရာဖြစ်သော်လည်း ဘေးရှိအဆောက်အဦးများကို ကူးစက်ခြင်းမရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

ယင်းမီးလောင်မှု အပြီးတွင် မန္တလေးတိုင်းစည်ပင်သာယာရုံးအနီးရှိ စတိုးဆိုင်တစ်ခုတွင် မီးလန့်မှုဖြစ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

စစ်မှုထမ်းဖို့လူသစ်စုရာမှာအမျိုးသမီးတွေကိုဦးစားပေးခေါ်ယူမှာမဟုတ်ဘဲ အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား လူငယ်အမျိုးသားတွေကို ခေါ်ယူမှာပါ။

သတင်း

ယနေ့မွန်းလွဲ ၂ နာရီ ၄၀ ခန့်က အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ(၂)လမ်းရှိ စစ်ကောင်စီ စရဖရုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားကာ ယင်းပေါက်ကွဲမှုမှတဆင့် မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်ပျက်စီးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။