Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်စပ်နား အမေရိကန် ဗုံးကြဲလေယာဉ်တွေ ချဉ်းကပ်လာလို့ တိုက်လေယာဉ် စေလွှတ်ခဲ့ရကြောင်း ရုရှားပြော

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဟာ အမေရိကန် ဒရုန်း ပျက်ကျသွားအောင် နှောင့်ယှက်ခဲ့တဲ့ SU-27 တိုက်လေယာဉ်မှူးတွေကို ဂုဏ်ပြု ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

နယ်စပ်နား အမေရိကန် ဗုံးကြဲလေယာဉ်တွေ ချဉ်းကပ်လာလို့ တိုက်လေယာဉ် စေလွှတ်ခဲ့ရကြောင်း ရုရှားပြော
နယ်စပ်နား အမေရိကန် ဗုံးကြဲလေယာဉ်တွေ ချဉ်းကပ်လာလို့ တိုက်လေယာဉ် စေလွှတ်ခဲ့ရကြောင်း ရုရှားပြော

နယ်စပ်နားကို အမေရိကန် ဗုံးကြဲလေယာဉ်တွေ ချဉ်းကပ်လာတာကြောင့် တိုက်လေယာဉ်တစ်စီး အရေးပေါ် စေလွှတ်ပြီး စောင့်ကြည့်စေခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

အမေရိကန်ရဲ့ B-52H မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီး နှစ်စီးဟာ ဘောလ်တစ် ပင်လယ်ပြင်ပေါ်မှာ ရုရှားနယ်နိမိတ်ဆီ ဦးတည်ပြီး ချဉ်းကပ် ပျံသန်းခဲ့တာလို့ ရုရှားက ပြောပါတယ်။ ဒါပေမဲ့ မတ် ၂၀ ဖြစ်စဉ်မှာ အမေရိကန် လေယာဉ်တွေဟာ ရုရှား လေပိုင်နက်ကို ကျူးကျော် ထိပါးမှု မရှိခဲ့ဘူးလို့ ရုရှားက အတည်ပြုပါတယ်။

ရုရှားလေတပ်ဟာ SU-35 တိုက်လေယာဉ် တစ်စီးကို စေလွှတ်ပြီး လိုအပ်လာရင် အမေရိကန် ဗုံးကြဲလေယာဉ်တွေကို ကြားဖြတ် ဟန့်တားဖို့ နိုးနိုးကြားကြား စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံး အမေရိကန် လေယာဉ်တွေက ရုရှား ပိုင်နက်နဲ့ ဝေးရာကို ပြန်လည် ထွက်ခွာသွားမှသာ SU-35ကလည်း အခြေစိုက် စခန်းဆီ လှည့်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ပင်လယ်နက် ရေပြင်အထက်မှာ ကင်းထောက် ပျံသန်းနေတဲ့ အမေရိကန် ဒရုန်းတစ်စီး ရုရှား တိုက်လေယာဉ်တွေနဲ့ ထိခိုက်မိလို့ ပျက်ကျခဲ့မှုအပြီး ရက်ပိုင်းလောက် အကြာမှာ နှစ်နိုင်ငံ စစ်သုံးလေယာဉ်တွေကြား နောက်တစ်ကြိမ် ထိပ်တိုက် ကြုံခဲ့တာလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဟာ အမေရိကန် ဒရုန်း ပျက်ကျသွားအောင် နှောင့်ယှက်ခဲ့တဲ့ SU-27 တိုက်လေယာဉ်မှူးတွေကို ဂုဏ်ပြု ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။