Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နယ်စပ်နား အမေရိကန် ဗုံးကြဲလေယာဉ်တွေ ချဉ်းကပ်လာလို့ တိုက်လေယာဉ် စေလွှတ်ခဲ့ရကြောင်း ရုရှားပြော

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဟာ အမေရိကန် ဒရုန်း ပျက်ကျသွားအောင် နှောင့်ယှက်ခဲ့တဲ့ SU-27 တိုက်လေယာဉ်မှူးတွေကို ဂုဏ်ပြု ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

နယ်စပ်နား အမေရိကန် ဗုံးကြဲလေယာဉ်တွေ ချဉ်းကပ်လာလို့ တိုက်လေယာဉ် စေလွှတ်ခဲ့ရကြောင်း ရုရှားပြော
နယ်စပ်နား အမေရိကန် ဗုံးကြဲလေယာဉ်တွေ ချဉ်းကပ်လာလို့ တိုက်လေယာဉ် စေလွှတ်ခဲ့ရကြောင်း ရုရှားပြော

နယ်စပ်နားကို အမေရိကန် ဗုံးကြဲလေယာဉ်တွေ ချဉ်းကပ်လာတာကြောင့် တိုက်လေယာဉ်တစ်စီး အရေးပေါ် စေလွှတ်ပြီး စောင့်ကြည့်စေခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

အမေရိကန်ရဲ့ B-52H မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီး နှစ်စီးဟာ ဘောလ်တစ် ပင်လယ်ပြင်ပေါ်မှာ ရုရှားနယ်နိမိတ်ဆီ ဦးတည်ပြီး ချဉ်းကပ် ပျံသန်းခဲ့တာလို့ ရုရှားက ပြောပါတယ်။ ဒါပေမဲ့ မတ် ၂၀ ဖြစ်စဉ်မှာ အမေရိကန် လေယာဉ်တွေဟာ ရုရှား လေပိုင်နက်ကို ကျူးကျော် ထိပါးမှု မရှိခဲ့ဘူးလို့ ရုရှားက အတည်ပြုပါတယ်။

ရုရှားလေတပ်ဟာ SU-35 တိုက်လေယာဉ် တစ်စီးကို စေလွှတ်ပြီး လိုအပ်လာရင် အမေရိကန် ဗုံးကြဲလေယာဉ်တွေကို ကြားဖြတ် ဟန့်တားဖို့ နိုးနိုးကြားကြား စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံး အမေရိကန် လေယာဉ်တွေက ရုရှား ပိုင်နက်နဲ့ ဝေးရာကို ပြန်လည် ထွက်ခွာသွားမှသာ SU-35ကလည်း အခြေစိုက် စခန်းဆီ လှည့်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ပင်လယ်နက် ရေပြင်အထက်မှာ ကင်းထောက် ပျံသန်းနေတဲ့ အမေရိကန် ဒရုန်းတစ်စီး ရုရှား တိုက်လေယာဉ်တွေနဲ့ ထိခိုက်မိလို့ ပျက်ကျခဲ့မှုအပြီး ရက်ပိုင်းလောက် အကြာမှာ နှစ်နိုင်ငံ စစ်သုံးလေယာဉ်တွေကြား နောက်တစ်ကြိမ် ထိပ်တိုက် ကြုံခဲ့တာလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဟာ အမေရိကန် ဒရုန်း ပျက်ကျသွားအောင် နှောင့်ယှက်ခဲ့တဲ့ SU-27 တိုက်လေယာဉ်မှူးတွေကို ဂုဏ်ပြု ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။