Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ် CNAနှင့် ဇိုမီး ZRA တိုက်ပွဲဖြစ် ZRAတပ် တစ်ဦးသေ၊ လက်နက် တစ်လက်ရဟု CNA ပြော

မြန်မာ -အိန္ဒိယ နယ်စပ် ချင်းပြည်နယ် တီးတိန်းမြို့နယ်ရှိ CNA တပ်မဟာ(၄)နယ်မြေ၌ မတ်လ ၂၃ရက်က တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

(ဇိုမီးလက်နက်ကိုင်တပ်(ZRO/ZRA)တက်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CNA)
(ဇိုမီးလက်နက်ကိုင်တပ်(ZRO/ZRA)တက်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CNA)

ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဇိုမီးလက်နက်ကိုင်တပ်(ZRO/ZRA)တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ ZRAတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မြန်မာ -အိန္ဒိယ နယ်စပ် ချင်းပြည်နယ် တီးတိန်းမြို့နယ်ရှိ CNA တပ်မဟာ(၄)နယ်မြေ၌ မတ်လ ၂၃ရက်က တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

” မနေ့က ကျနော်တို့ တပ်မဟာ(၄) ဂွင်ထဲဝင်လာတဲ့ ZROနဲ့ တိုက်ပွဲဖြစ်တာပေါ့ ။အဲဒီမှာ သူတို့ဘက်က တစ်ယောက်ကျပြီးတော့ သုံးလေးယောက်တော့ ဒဏ်ရာရတယ်။ လက်နက် တစ်လက်နဲ့ ကျည်ဆံ တွေရရှိထားတယ်။ ဘာလို့လည်းဆို ZROက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာဖြစ်တယ်။ အဲဒါကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေစုစည်းတဲ့ CJDCကနေမှ အကြမ်းဖက် အဖွဲ့လို့ ကြေညာထားတာရှိတယ်။ ပေါ်လစီမတူတော့ အဲဒါက စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့အဖွဲ့အစည်းဆိုတော့ တိုက်ခိုက်ဖို့ပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

ZRA အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ချင်းပြည်ကာကွယ်ရေးပူးပေါင်းကော်မတီ(CJDC) အဖွဲ့ဝင် လက်နက်ကိုင်တပ်များကို တိုက်ခိုက်နေ၍ စစ်ရေးအရဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။