Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက သာလွန်အင်အား အဆမတန်သုံးစစ်ရှိန်မြင့်လာသည့်အပေါ် ကြိုပြင်ထားရန် ချင်းတပ် CNAစစ်ဦးစီးချုပ် သတိပေး

မတ်လ ၁၀ရက်က ကျင်းပခဲ့သည့် အပတ်စဉ် (၅၀) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား၌ CNA စစ်ဦးစီးချုပ်က ပြောကြားခဲ့သည့် မိန့်ခွန်းရုပ်သံကို Chinland Information Centerက ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ချင်းအမျိုးသားတပ်မတော်(CNA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ငွန်လဲထန်မိန့်ခွန်းပြောကြားနေစဉ်)
(ချင်းအမျိုးသားတပ်မတော်(CNA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ငွန်လဲထန်မိန့်ခွန်းပြောကြားနေစဉ်)

▪️ရန်သူအင်အားမည်မျှကြီးမားပါစေ တော်လှန်ရေးလုပ်နေသူများ စည်းလုံးနေကြရန်သာလိုဟု ပြော

စစ်ကောင်စီတပ်က သာလွန်အင်အား အဆမတန်သုံးနေ၍ စစ်ရှိန်ပိုမြင့်လာပြီး ယခုထက်ပိုမိုသည့် အခက်အခဲများ ကြုံကြရမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ငွန်လဲထန်က ပြောသည်။

မတ်လ ၁၀ရက်က ကျင်းပခဲ့သည့် အပတ်စဉ် (၅၀) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား၌ CNA စစ်ဦးစီးချုပ်က ပြောကြားခဲ့သည့် မိန့်ခွန်းရုပ်သံကို Chinland Information Centerက ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“လက်ရှိ စစ်ရေးအခြေအနေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ရဲ့ ရန်သူ စစ်ကောင်စီ အနေနဲ့ တစ်ရက်ပြီး တစ်ရက် သာလွန်အင်အားအဆမတန်သုံးတာကို တွေ့ရပါတယ်။ ဒါကြောင့် စစ်ရေးအရှိန်ဟာ ဒီထက်မက ပိုမိုပြင်းထန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့စိတ်ဓာတ်၊ ရိက္ခာ ၊ လက်နက် ပေါင်းစုံ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ရန်သူ့စစ်တပ်ဘက်က မျှော်မှန်းအင်အားကြီးမားပါစေ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အင်အားနဲ့ တော်လှန်ရေး လုပ်ဆောင်နေသူအားလုံးက စည်းစည်းလုံးလုံး တိုက်ခိုက်နေကြဖို့ပဲလိုအပ်ပါတယ်”ဟု CNA စစ်ဦးစီးချုပ်က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့မှသာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းပြီး ချင်းပြည်ထောင်တည်ဆောက်ရေး၊ တစ်တိုင်းပြည်လုံး၏ ရည်မှန်းချက်ဖြစ်သည့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အကောင်အထည်ဖော်နိုင်မည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

“ရှေ့လျှောက်တာဝန်ထမ်းဆောင်ရာမှာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေထက် အဆပေါင်းများစွာ အခက်အခဲကြုံတွေ့ရမှာဖြစ်တဲ့အတွက် အဲဒီ အချိန်ကျရင်လည်း ယခုလိုပဲအခက်အခဲအားလုံးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစား ကျော်ဖြတ်နိုင်ဖို့လိုအပ်ပါတယ်။ဒါမှသာ ကျနော်တို့အားလုံး လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်” ဟုလည်း CNA စစ်ဦးစီးချုပ်က ပြောသည်။

ချင်းအမျိုးသားတပ်မတော်သည် ချင်းလူမျိုးများအားလုံး၏ အမျိုးသားတပ်မတော် ဖြစ်သည်နှင့်အညီ ကျရာနေရာ အသီးသီးတာဝန်ထမ်းဆောင်ရာ၌ မိမိကိုယ်ကျိုးတစ်ခုတည်း မကြည်ဘဲ တမျိုးသားလုံးအတွက် တာဝန်ထမ်းဆောင်ရသည်ကို အမြဲအမှတ်ရနေရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ချင်းအမျိုးသားတပ်မတော်ကို ပြည်သူလူထုက လေးစားချစ်ခင်အားကိုးသည့် တပ်မတော်တစ်ရပ်အဖြစ် ရပ်တည်နိုင်ရေးဆောင်ရွက်ရန်လည်း မှာကြားသည်။

“ယနေ့အချိန်ဟာဆိုရင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအပြင် ချင်းအမျိုးသားတိုင်းရဲ့ မျှော်လင့်ချက်ဖြစ်နေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အရမ်းအရေးကြီးနေတဲ့ အချိန်ဖြစ်ပါတယ်။ လက်ရှိ ဆင်နွှဲနေတဲ့ တော်လှန်ရေးတိုက်ပွဲ အောင်မြင်နိုင်မှသာ အားလုံးမျှော်မှန်းထားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိပြီး ချင်းပြည်ထောင်တည်ဆောက်ရေးကို ဆက်လက်ချီတက်နိုင်မှာ ဖြစ်ပါတယ်”ဟု CNA စစ်ဦးစီးချုပ်က ပြောသည်။

ထို့ကြောင့် ချင်းအမျိုးသားတပ်မတော် အနေဖြင့် ချင်းပြည်အတွင်းရှိ နယ်မြေအားလုံးနှင့် ချင်းအမျိုးသားမျိုးနွယ်စု အားလုံးကို ကာကွယ်စောင့်ရှောက်တိုက်ပွဲဝင်နိုင်ရန် အင်အား တောင့်တင်းရန် ရဲဘော်တစ်ဦးချင်းစီးတိုင်း၌ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။