Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယားလက်နက် အပြိုင်တပ်ဆင်အောင် အမေရိကန် တွန်းအားပေးနေတယ်လို့ မြောက်ကိုရီးယား စွပ်စွဲ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပူးပေါင်းထားတဲ့ Aukus ကာကွယ်ရေး သဘောတူညီမှုကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့တဲ့အပေါ် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို မှတ်ချက် ပေးခဲ့တာပါ။

အမေရိကန်ဟာ အင်အားကြီး နိုင်ငံတွေ နျူကလီးယားလက်နက် အပြိုင်တပ်ဆင်တဲ့ အခြေအနေဆီ ဦးတည်အောင် ပဲ့ကိုင် တွန်းအားပေးနေတယ်လို့ မြောက်ကိုရီးယား အစိုးရက ဝေဖန်လိုက်ပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပူးပေါင်းထားတဲ့ Aukus ကာကွယ်ရေး သဘောတူညီမှုကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့တဲ့အပေါ် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို မှတ်ချက် ပေးခဲ့တာပါ။ ဒီသဘောတူညီမှုဟာ အင်ဒို-ပစိဖိတ် ဒေသမှာ တရုတ်ရဲ့ ကြီးစိုးလာမှုတွေကို ထိန်းချုပ် တုံ့ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Aukus သဘောတူညီမှုအရ ဩစတြေးလျ ရေတပ်မှာ နျူကလီးယား ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်လာအောင် ဝိုင်းဝန်း လုပ်ဆောင်သွားမယ်လို့လည်း သုံးနိုင်ငံ အကြီးအကဲတွေက ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ လိုလားစရာ မဟုတ်သလို အန္တရာယ်လည်း များလွန်းကြောင်း၊ အာရှ-ပစိဖိတ် ဒေသအပြင် နောက်ထပ် ဆက်စပ်တဲ့ အင်အားကြီး နိုင်ငံတွေပါ နျူကလီးယားလက်နက် အပြိုင် တပ်ဆင်တာမျိုးဆီ တွန်းပို့သလို ဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက KCNA သတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၂၀ မှာ KCNAရဲ့ သတင်းဖော်ပြချက်မှာ အမေရိကန် အနေနဲ့ Aukus ကို အကြောင်းပြုပြီး နိုင်ငံတကာ နျူကလီးယား လက်နက် လျှော့ချရေး ရည်မှန်းချက်ကိုပါ ဖြိုချနေတာ ဖြစ်တယ်လို့လည်း စွပ်စွဲထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားနဲ့ ပြိုင်ဘက် တောင်ကိုရီးယားတို့ကလည်း လက်နက်တွေ အပြိုင် စမ်းသပ်နေကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ မြောက်ကိုရီးယားက ပင်လယ်ဖက်ကို ဒုံးကျည်နှစ်စင်း ပစ်ခတ် စမ်းသပ်ခဲ့သလို တောင်ကိုရီးယားကလည်း ရေငုပ်သင်္ဘောပေါ်ကနေ ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ဒုံးကျည် ပစ်လွှတ်နိုင်ခဲ့ပါတယ်။

တစ်ဖက်မှာတော့ Aukus သဘောတူညီမှုအရ ဩစတြေးလျဟာ ပြင်သစ်ဆီက ဒီဇယ် ရေငုပ်သင်္ဘောတွေ ဝယ်ယူမယ့် ညှိနှိုင်း သဘောတူညီမှုကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒီကိစ္စကို အကြောင်းပြုပြီး ပြင်သစ်ဟာ Aukus အဖွဲ့ဝင် သုံးနိုင်ငံနဲ့ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်လာပါတယ်။ ပြင်သစ်ဟာ အမေရိကန်နဲ့ ဩစတြေးလျက သံအမတ်တွေကို ပြန်လည် ခေါ်ယူလိုက်သလို ဗြိတိန်နဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးနေတာကို ရပ်ဆိုင်းထားပါတယ်။ အမေရိကန် အစိုးရကတော့ မဟာမိတ် ပြင်သစ်နဲ့ ပြန်လည် ဆွေးနွေး ညှိနှိုင်းပြီး ဒီပြဿနာအတွက် အဖြေရှာသွားမယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

Facebook