Connect with us

Hi, what are you looking for?

သတင်း

ဒေါင်းမွေးနေ့အမှတ်တရ အမာခံပရိတ်သတ်တွေက တော်လှန်ရေးအတွက်လှူ

ဒေါင်းက မတ်လ ၃၀ ရက်မှာ အသက် ၃၃ နှစ်ပြည့်တာဖြစ်ပြီး မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပရိသတ်တွေက လှူဒါန်းပေးခဲ့တာပါ။

ဒေါင်းမွေးနေ့အမှတ်တရ အမာခံပရိတ်သတ်တွေက တော်လှန်ရေးအတွက်လှူ
ဒေါင်းမွေးနေ့အမှတ်တရ အမာခံပရိတ်သတ်တွေက တော်လှန်ရေးအတွက်လှူ

အနုပညာရှင် ဒေါင်းရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ အမာခံပရိသတ် Peachicks တွေက မြေပြင်အဖွဲ့အစည်းတွေကို အလှူငွေ သိန်းသုံးဆယ်ကျော် လှူဒါန်းခဲ့ပါတယ်။

ဒေါင်းက မတ်လ ၃၀ ရက်မှာ အသက် ၃၃ နှစ်ပြည့်တာဖြစ်ပြီး မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပရိသတ်တွေက လှူဒါန်းပေးခဲ့တာပါ။

ဒေါင်းမွေးနေ့အမှတ်တရ အမာခံပရိတ်သတ်တွေက တော်လှန်ရေးအတွက်လှူ
ဒေါင်းမွေးနေ့အမှတ်တရ အမာခံပရိတ်သတ်တွေက တော်လှန်ရေးအတွက်လှူ

“ကျွန်တော့်မွေးနေ့အတွက် ချစ်ခြင်းများစွာ ယုံကြည်ချက်၊ မျှော်လင့်ချက်၊ ရပ်တည်ချက် တွေများစွာ တွေ့မြင်ရတာခွန်းအားဖြစ်ရပါတယ်။ ဒါဟာ ချစ်ခြင်းတစ်ခုထက်ပိုတယ်ဆိုတာ ကျွန်တော်ယုံကြည်တယ် ။ကျေးဇူးတင်တာထက်ပိုတဲ့စကားလုံးရှိရင် ပြောချင်တယ်။” လို့ ပရိသတ်တွေရဲ့ လှူဒါန်းပေးမှုအပေါ် ဒေါင်းက ကျေးဇူးတင်စကားဆိုပါတယ်။

ဒီနှစ်အတွက် သူ့ရဲ့မွေးနေ့ဆုတောင်းကတော့ “အာဏာရှင်စနစ်နှင့် မတရားမှုကျူးလွန်သူများ ပျက်သုဉ်းပါစေ”။ လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

လှူဒါန်းမှုတွေမှာ ပရိသတ်တစ်ဦးခြင်းစီက ဒေါင်းအတွက် ရည်ရွယ်လှူဒါန်းတာတွေရှိသလို Peachicks အဖွဲ့သားတွေရဲ့စုပေါင်း လှူဒါန်းမှူတွေလည်းပါဝင်ပါတယ်။

ပြီးခဲ့တဲ့ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ MBK Shopping စင်တာက LED မှာလည်း ပရိသတ်တွေက ဒေါင်းအတွက် မွေးနေ့ဆုတောင်းပေးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။