Connect with us

Hi, what are you looking for?

သတင်း

စာဖတ်ပြရင်းရတဲ့အလှူငွေတွေနဲ့ စာသင်ကျောင်းဆောက်လှူတဲ့ ဒေါင်း

သရုပ်ဆောင်ဒေါင်းက တော်လှန်ရေး အတွက် အထောက်အပံ့ပြုလုပ်နိုင်ဖို့ အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်နေတယ်လို့ People’s Spring ကိုဖြေကြားထားပါတယ်။

စာဖတ်ပြရင်းရတဲ့အလှူငွေတွေနဲ့ စာသင်ကျောင်းဆောက်လှူတဲ့ ဒေါင်း
စာဖတ်ပြရင်းရတဲ့အလှူငွေတွေနဲ့ စာသင်ကျောင်းဆောက်လှူတဲ့ ဒေါင်း

ကရင်နီဘက်က စစ်ဘေးရှောင်ကျောင်းသားတွေအတွက် ပရိသတ်တွေနဲ့အတူ စာသင်ဆောင်နှစ်ဆောင် လှူဒါန်းခဲ့တယ်လို့ ဒေါင်းကပြောပါတယ်။

ဒီတိုင်းအလွတ်ကြီးလည်းအလှူလည်းမခံချင်တော့ ကျွန်တော်စာဖတ်တာနားထောင်ချင်တဲ့ပရိသတ်တွေကို စာဖတ်ပြခဲ့တယ်။သူတို့က အလှူထည့်ကြတယ်။ဒါနဲ့ပဲ ဒီကျောင်းဆောင်လေးနှစ်ဆောင်ဖြစ်လာခဲ့တယ်” လို့ လှူထားတဲ့မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒေါင်းက အသိပေးထားပါတယ်။

အလှူရှင်နေရာမှာ သရုပ်ဆောင်ဒေါင်း နှင့် သူ၏ ချစ်ရသူများလို့ ရေးသားထားတဲ့အ‌ပေါ် ဒီအစီအစဉ်မှာပါဝင်ခဲ့တဲ့ ပရိသတ်တွေက ကျေနပ်ကြောင်း မှတ်ချက်တွေရေးထားကြပါတယ်။

“ဖိနပ်ကလေးနဲ့ ထမင်းပန်းကန်လေးတွေအာဏာရူးတရားခံတွေကြောင့်သွေးမစွန်းစေချင်တော့ဘူးနိုင်တဲ့အထိ ကြိုးစားကြရအောင်” လို့ ဒေါင်းက တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

သရုပ်ဆောင်ဒေါင်းက တော်လှန်ရေး အတွက် အထောက်အပံ့ပြုလုပ်နိုင်ဖို့ အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်နေတယ်လို့ People’s Spring ကိုဖြေကြားထားပါတယ်။

မတ်လဆန်းပိုင်းမှာလည်း သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ အတူ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင် အကြောင်း ပရိသတ်တွေနဲ့ စကားဝိုင်းပြုလုပ်ပြီး ရန်ပုံငွေရှာဖွေခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကပစ္စတို တစ်လက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆွီဒင်နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဓားနဲ့တိုက်ခိုက်မှုကြောင့် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။