Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့ရှိ စစ်ကောင်စီတပ်ကို KIA တပ်ရင်း (၁၂) တိုက်ခိုက်

မတ်လ ၃၀ရက်က စစ်ကောင်စီတပ်က ရွှေကူမြို့နယ် မံဝိန်းရွာ ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူလူထု နေအိမ် နှစ်လုံးမီးလောင်ပျက်စီး ခဲ့သည်ဟု ရွှေကူ PDFက အသိပေးသည်။

(စစ်ကောင်စီတပ်က ရွှေကူမြို့နယ် မံဝိန်းရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် နှစ်လုံးမီးလောင်ပျက်စီးနေသည်ကို မတ်လ ၃၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)
(စစ်ကောင်စီတပ်က ရွှေကူမြို့နယ် မံဝိန်းရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် နှစ်လုံးမီးလောင်ပျက်စီးနေသည်ကို မတ်လ ၃၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)

ကချင်ပြည်နယ် ရွှေကူမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း(၁၂) ရဲဘော်များက ယမန်နေ့ညပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့ဟု ဒေသခံက ပြောသည်။

“ညတုန်းက ရွှေကူမြို့ထဲကို ဝင်ထုတယ်။ ပြောတယ်။ အထိအခိုက်တော့ မကြားသေးဘူး။ အခုက မီးရှို့တဲ့ စစ်တပ်က မံဝိန်းမှာတဲ့။ ညက ဟာကျတော့ KIA ရင်း (၁၂)က လာထုတာတဲ့ မြို့ထဲကို”ဟု ဒေသခံက ပြောသည်။

ယမန်နေ့ညပိုင်းက ပစ်ခတ်မှုသည် ရွှေကူရဲစခန်းအနီးဖြစ်သည်ဟု ဒေသခံအချို့က လူမှုကွန်ရက်တွင် အသိပေးထားသည်။

(စစ်ကောင်စီတပ်က ရွှေကူမြို့နယ် မံဝိန်းရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် နှစ်လုံးမီးလောင်ပျက်စီးနေသည်ကို မတ်လ ၃၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)
(စစ်ကောင်စီတပ်က ရွှေကူမြို့နယ် မံဝိန်းရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် နှစ်လုံးမီးလောင်ပျက်စီးနေသည်ကို မတ်လ ၃၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ရွှေကူ PDF)

စစ်ကောင်စီတပ်က ရွှေကူမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းများကို ဒေသခံကာကွယ်ရေးတပ်နှင့် KIA ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ ရွှေကူမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်က ရွှေကူမြို့နယ် မံဝိန်းရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် နှစ်လုံးမီးလောင်ပျက်စီးနေသည်ကို မတ်လ ၃၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)
(စစ်ကောင်စီတပ်က ရွှေကူမြို့နယ် မံဝိန်းရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် နှစ်လုံးမီးလောင်ပျက်စီးနေသည်ကို မတ်လ ၃၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ရွှေကူ PDF)

မတ်လ ၃၀ရက်က စစ်ကောင်စီတပ်က ရွှေကူမြို့နယ် မံဝိန်းရွာ ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူလူထု နေအိမ် နှစ်လုံးမီးလောင်ပျက်စီး ခဲ့သည်ဟု ရွှေကူ PDFက အသိပေးသည်။

ထို့ပြင် စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက်ခံ စစ်ကြောင်းများက မံဝိန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

(စစ်ကောင်စီတပ်က ရွှေကူမြို့နယ် မံဝိန်းရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် နှစ်လုံးမီးလောင်ပျက်စီးနေသည်ကို မတ်လ ၃၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)
(စစ်ကောင်စီတပ်က ရွှေကူမြို့နယ် မံဝိန်းရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် နှစ်လုံးမီးလောင်ပျက်စီးနေသည်ကို မတ်လ ၃၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ရွှေကူ PDF)

ယမန်နေ့ လေကြောင်း တိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များ ကြီးမားသည့် ထိခိုက်မှုတစုံတရာမရှိဘဲ ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း၊ အကြမ်းဖက် လမ်းစဉ်မျိုးစုံသုံးကာ ပြည်သူ့ အသက်အိုးအိမ်များကို ဖျက်ဆီးနှောက်ယှက်နေသော စစ်အုပ်စုကို ယခုထက်ပိုပြင်းထန်စွာ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ရွှေကူ PDFက ထုတ်ပြန်ထားသည်။

ရွှေကူနယ်တွင် မတ်လ ၂၀ရက်နောက်ပိုင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ တိုက်ပွဲပြင်းထန်နေရာ စစ်ကောင်စီတပ်က အထိနာခဲ့ကြောင်း၊ စစ်ကောင်စီဘက်က သေဆုံးသူများအနက် ဗိုလ်မှူးအဆင့်ရှိ ဒုစစ်ကြောင်းမှူးတစ်ဦး ပါဝင်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။