Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ် မံဝိန်းရွာကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

မတ်လ ၂၅ရက်ကလည်း စစ်ကောင်စီတပ်က ရွှေကူမြို့နယ် စီသောင်ရွာ၊ မံဝိန်းရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပျက်စီးမှု၊ အိမ်မွေးတိရိစ္ဆာန်များ သေဆုံးမှုရှိခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံများစွာ စစ်ဘေးရှောင်နေကြရသည်။

(ရွှေကူမြို့နယ်ရှိ မံဝိန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ယနေ့ ဗုံးကြဲတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - CJ)
(ရွှေကူမြို့နယ်ရှိ မံဝိန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ယနေ့ ဗုံးကြဲတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ မံဝိန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ယနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံက ပြောသည်။

မတ်လ ၃၀ရက် နေ့လည် ၁၂နာရီခန့်တွင် တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မံဝိန်းရွာကို လေယာဉ်နဲ့ ဝဲပြီးပစ်သွားတာ။ တိုက်ပွဲကလည်း အခုထိရှိနေတုန်း။ ဒေသခံတွေလည်း တောထဲရှောင်နေကြရတာ။ မြို့ပေါ်တက်ရှောင်နေတဲ့ လူတွေကိုလည်း ဖမ်းပြီးခေါ်သွားတယ်ကြားတယ်။ ကျနော်တို့လည်း ရှောင်ရင်းတိမ်းရင်းနေနေရတာပေါ့”ဟု ရွှေကူဒေသခံက ပြောသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို မကြားသိရသေးကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုပြီးနောက် ပစ်ခတ်သံများ ကြားနေရကြောင်းလည်း ၎င်းက ဆိုသည်။

“လေယာဉ်နဲ့ ပစ်ပြီးတော့ တိုက်ပွဲသံကြားရတာပေါ့။ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ အများကြီး ကြားရတာပေါ့”ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်၏ တံတားဦး​လေတပ်မှ YAK -130 တိုက်​လေယာဥ်များ ယ​နေ့ ​နေ့လည် ၁၂ နာရီခန့်မှ ၁နာရီအတွင်း ​မြောက်နှင့် အ​နောက်ဘက်အရပ်သို့ ငါးကြိမ် ပျံသန်းခဲ့​ကြောင်းစစ်တပ်​လေ​ကြောင်း​ထောက်လှမ်း​သောအဖွဲ့များက ဆိုသည်။

ရွှေကူမြို့နယ်တွင် မတ်လ ၂၀ရက် နောက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားနေ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရွှေကူပြည်သူ့ကာကွယ်ရေးတပ်(KPDF)၊ ဒေသကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်လျက်ရှိသည်။ မတ်လ ၂၃ရက် ငှက်တံတားရွာအနီး တိုက်ပွဲအပါအဝင် ရွှေကူနယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

မတ်လ ၂၅ရက်ကလည်း စစ်ကောင်စီတပ်က ရွှေကူမြို့နယ် စီသောင်ရွာ၊ မံဝိန်းရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပျက်စီးမှု၊ အိမ်မွေးတိရိစ္ဆာန်များ သေဆုံးမှုရှိခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံများစွာ စစ်ဘေးရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။