Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်စနစ် အမြန်ချုပ်ငြိမ်းရေး နေရာအသီးသီး၌ စစ်ရေးအရှိန်မြင့်တိုက်ခိုက်ရန် ထန်တလန် CDF တောင်းဆို

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ကုလ လုံခြုံရေးကောင်စီ၊ အာဆီယံ ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများမှ ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် နှိုးဆော် ထားသည်။

(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling)
(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling)

▪️အရပ်သားထိခိုက်မှုမရှိသည့် မည်သည့်နေရာမဆို တိုက်ပွဲဖော်ဆောင်ရန်အသင့်ရှိဟု စစ်ကောင်စီကို စိန်ခေါ်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နေရာအသီးသီး ၌ စစ်ရေးအရှိန်မြင့် တိုက်ခိုက်ရန် ထန်တလန်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို တောင်းဆိုလိုက်သည်။

ထန်တလန်မြို့နယ် ခွာဖိုရွာအား စစ်ကောင်စီတပ်က မတ်လ ၃၀ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ရှစ်ဦး သေဆုံးခဲ့ပြီး ၁၁ဦးဒဏ်ရာရခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ထန်တလန် CDFက သဘောထား ထုတ်ပြန်ရာ အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ခွာဖိုရွာ နေပြည်သူများကို တိုက်ခိုက်မှုအပေါ် ဝမ်းနည်းကြေကွဲရသည့် တော်လှန်ရေး ဘက်တော်သားများဖြစ်ကြသည့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက အကြမ်းဖက်စစ်ကောင်စီ အာဏာရှင်စနစ်ကြီး အမြန်ချုပ်ငြိမ်းနိုင်ရန် အတွက် ကိုယ့်နေရာ အသီးသီးမှ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ဆောင်ရွက်ကြရန် တောင်းဆိုကြောင်း ထန်တလန် CDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထန်တလန် CDF ၏ (၂)နှစ်ကာလအတွင်း တိုက်ပွဲဖော်ဆောင်နေရာတွင် အများပြည်သူ လုံခြုံမှု ရှိရေးကို ပထမဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကောင်စီမှ သူရဲဘောကြောင်ခြင်းမရှိဘဲ သတ္တိရှိပါက အများပြည်သူထိခိုက်နိုင်ခြင်းမရှိသည့် မည်သည့်နေရာဒေသတွင်မဆို တိုက်ပွဲဖော်ဆောင်ရန် စိန်ခေါ်လိုက်ကြောင်းလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထန်တလန် CDFက ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိနိုင်ရန် အတွက် လက်က်ပြီး ပိုမိုပြင်းထန်သော တိုက်ပွဲများ အရှိန်မြှင့် ဖော်ဆောင်လာမည်ဖြစ်၍ ပြည်တွင်း၊ ပြည်ပနေ ပြည်သူများ အနေဖြင့် တော်လှန်ရေးကို ယခင်ကထက် ပိုမိုအားပေးရန်း အတူတကွ တိုက်ပွဲဝင်ကြရန် နှိုးဆော်ထားသည်။

၂၀၂၃နှစ်စပိုင်းမှစ၍ ထန်တလန်မြို့တွင်း တိုက်ပွဲတွင် အရေးနိမ့်မြဲနိမ့်နေသော စစ်ကောင်စီဘက် က ၎င်းတို့ ခြေကုပ်နေရာယူထားသည့် ရဲစခန်း သိမ်းပိုက်ခံရသည့် အချိန်မှစ၍ ယနေ့အထိ သာလွန်အင်အား အသုံးပြု လျက် တိုက်လေယာဉ် အသုံးပြုပြီး နေ့စဉ်လိုလို တိုက်ခိုက်နေသည်ဟု ဆိုသည်။

ဇန်နဝါရီမှ မတ်လအထိ သုံးလအတွင်း ထန်တလန်မြို့နယ်အတွင်း လေကြောင်း ဖြင့် တိုက်ခိုက်မှု ၁၁၂ ကြိမ် ထက်မနည်းပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အရေးနိမ့်နေမှုအပေါ် မကျေနပ်သည့် သဘောဖြင့် အပြစ်မဲ့ ပြည်သူများနေထိုင်သည့်ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ပြီးပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထန်တလန် CDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ကုလ လုံခြုံရေးကောင်စီ၊ အာဆီယံ ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများမှ ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် နှိုးဆော် ထားသည်။

အဓိကတရားခံဖြစ်ပြီး တာဝန်ယူ အမိန့်ပေးနေသည့် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး မျိုးထွဋ်လှိုင် ၊ ချင်းပြည်နယ် အမှတ်(၁) စစ်ဗျူဟာမှူး စောထွန်း၊ ချင်းပြည်နယ် နယ်စပ်ဒေသ ကာကွယ်ရေးဝန်ကြီး ဟန်ဝင်းအောင်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ၀ုန်ဆွန်ထန် တို့၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်အပေါ် ထိုက်သင့်သည့် ပြစ်ဒဏ်များ ကျခံနိုင်ငံရေးနှင့် တာဝန်ယူ တာဝန်ခံနိုင်မှု ရှိလာနိုင်ရေး အထူးဆောင်ရွက်ပေးရန် နှိုးဆော်ကြောင်း ထန်တလန် CDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။