Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အွန်လိုင်းကနေ ချိတ်ဆက်ပြီး ငွေသွားလဲသူအမျိုးသမီး သတ်ဖြတ်ခံရ

သတ်ဖြတ်ခံရသူအမျိုးသမီးဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး အောင်မြေသာစံမြို့နယ် ၊ဥပုသ်တော်ရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေအိမ်ကိုတွေ့ရစဉ်
အခင်းဖြစ်ပွားတဲ့နေအိမ်ကိုတွေ့ရစဉ်

မန္တလေးမှာ အွန်လိုင်းကနေ ငွေလဲလုပ်ငန်းလုပ်ကိုင်သူအမျိုးသားဟာ ငွေလာလဲသူအမျိုးသမီးကို သတ်ဖြတ်ပြီး ကျပ်သိန်း ၂၀၀ လုယက်သွားတဲ့ဖြစ်စဉ်မနေ့ ဧပြီ ၂ ရက်က မန္တလေးမှာဖြစ်ပွားခဲ့ပါတယ်။

အဲဒီလူသတ်မှုဟာ အောင်မြေသာစံမြို့နယ် ၊ကျုံးအနောက်ခြမ်း ၊ ၁၉ လမ်း ၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားနေအိမ်မှာဖြစ်ပွားတာလို့ဒေသခံအချို့ဆီကသိရပါတယ်။

အခင်းဖြစ်ပွားတဲ့နေအိမ်ဟာလည်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူအမျိုးသား ဌားရမ်းနေထိုင်တဲ့အိမ်ဖြစ်ပါတယ်။

ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အောင်နိုင်ဝေဆိုတဲ့အမျိုးသားဟာ အွန်လိုင်းကနေ ချိတ်ဆက်ပြီး ငွေလဲဖို့ ရောက်လာတဲ့ အမျိုးသမီးကို ကြိုးတုပ်ပြီး သတ်ဖြတ်ကာ ပါလာတဲ့ တွေတွေ လုယက်သွားတာလို့ စစ်ကောင်စီသတင်းက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ငွေအပြင် အသတ်ခံရသူအမျိုးသမီး စီးလာတဲ့ ဆိုင်ကယ်ကိုပါ တပါတည်းလုယက်သွားတယ်လို့သိရပါတယ်။

သတ်ဖြတ်ခံရသူအမျိုးသမီးဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး အောင်မြေသာစံမြို့နယ် ၊ဥပုသ်တော်ရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။