Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာရွှေဆိုင်ဓားပြတိုက်မှုနဲ့ဖမ်းထားသူ ၂ဦးကို ခုခံလို့ဆိုပြီး စစ်ကောင်စီတပ် သတ်ဖြတ်

ဓားပြခေါင်းဆောင်နဲ့ နောက်လိုက် တို့ကို ဓားပြတိုက်ရာမှာအသုံးပြုတဲ့လက်နက်တွေ လိုက်ပြခိုင်းရာမှာ သေနတ်လုဖို့ ကြိုးပမ်းတဲ့အပြင် လက်ပစ်ဗုံးကို ကလစ်ဖြုတ်ပြီး ဖောက်ခွဲဖို့ ကြိုးပမ်းတဲ့အတွက် ပစ်ခတ်ရှင်းလင်းရတာလို့စစ်ကောင်စီရဲ့သတင်းမှာတွေ့ရပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ

မန္တလေးမြို့က စိန်ကျော်မိုး ရွှေသန့်စင်လုပ်ငန်းဆိုင်ကို ဓားပြတိုက်မှုစွပ်စွဲချက်နဲ့ဖမ်းဆီးထားတဲ့ အမျိုးသား ၂ ဦးဟာ ပြန်လည်ခုခံလို့ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်လာပါတယ်။

ဓားပြခေါင်းဆောင်နဲ့ နောက်လိုက် တို့ကို ဓားပြတိုက်ရာမှာအသုံးပြုတဲ့လက်နက်တွေ လိုက်ပြခိုင်းရာမှာ သေနတ်လုဖို့ ကြိုးပမ်းတဲ့အပြင် လက်ပစ်ဗုံးကို ကလစ်ဖြုတ်ပြီး ဖောက်ခွဲဖို့ ကြိုးပမ်းတဲ့အတွက် ပစ်ခတ်ရှင်းလင်းရတာလို့စစ်ကောင်စီရဲ့သတင်းမှာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ (မတ်လ ၂၇ )ရက်က မန္တလေးမြို့ စိန်ကျော်မိုး ရွှေသန့်စင်ဆိုင်ရှေ့မှာ သေနတ်ပြပြီးအမျိုးသား ၃ ဦးက ဓားပြတိုက်လို့ ကျပ်သိန်း ၁,၂၀၀ ကျော်ပါသွားတာပါ။

အဲဒီဖြစ်စဉ်မှာ ၂ဦးကို ညတွင်းချင်းဖမ်းမိတယ်လို့စစ်အုပ်စုကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုရဲ့ သတင်းထုတ်ချက်အရ ပြန်လည်ခုခံလို့စွပ်စွဲချက်နဲ့သတ်ဖြတ်ခံရသူ ၂ ဦးဟာ ဖြစ်စဉ်ဖြစ်ပြီး နာရီပိုင်းအတွင်း ဖမ်းခံရသူ ၂ ဦးဖြစ်ပါတယ်။

ဓားပြတိုက်မှုမှာပါဝင်သူတွေဟာ မန္တလေးက ဒေါ်တောမုန့်တီဆိုင်ကို ဓားပြတိုက်တာနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အမရပူရမြို့နယ်အတွင်း ဓားပြတိုက်တဲ့ဖြစ်စဉ်မှာ နေအိမ်ပြန်ရောက်နေတဲ့ ဒုရဲမှူးကိုသတ်ဖြတ်သွားသူတွေဖြစ်တယ်လို့ စစ်အုပ်စုက စွပ်စွဲထားပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာ ဓားပြတိုက် ၊သတ်ဖြတ်မှုကျုးလွန်သူတွေဟာ ဓားပြတိုက်ရာ ရလာတဲ့ ရွှေထည်တွေကို စိန်ကျော်မိုး ရွှေသန့်စင်လုပ်ငန်းဆိုင်မှာသွားရောက် ရောင်းချခဲ့တယ်လို့ ဆိုထားပါသေးတယ်။

ဒါကြောင့် စိန်ကျော်မိုးရွှေသန့်စင်လုပ်ငန်းဆိုင်ကိုလည်း တိုက်ရာပါပစ္စည်းတွေ လက်ခံမှုနဲ့ အမှုဖွင့်မယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။