Connect with us

Hi, what are you looking for?

သတင်း

စစ်သား သုံးဦးနှင့် ရဲလေးဦး လက်နက်များနှင့် အလင်းဝင်လာ

အလင်းဝင်ရောက်လာသည့် စစ်သားနှင့်ရဲများသည် MA3 ၃လက်၊ G3 ၂ လက်၊ G4 ၂ လက်စုစုပေါင်း သေနတ် ခုနစ်လက် အပ်နှံခဲ့ကြောင်း ဗိုလ်လက်ယျာက ပြောသည်။

(အလင်းဝင်လာသည့် စစ်သားနှင့်ရဲများ အပ်နှံလာသော လက်နက်များအား တွေ့ရစဥ်။ ဓာတ်ပုံ - မြိုင်(ပကဖ))
(အလင်းဝင်လာသည့် စစ်သားနှင့်ရဲများ အပ်နှံလာသော လက်နက်များအား တွေ့ရစဥ်။ ဓာတ်ပုံ - မြိုင်(ပကဖ))

▪️တစ်ဦးလျှင် သိန်းတစ်ရာကျော်စီ ချီးမြှင့်ခဲ့ဟု မြိုင်(ပကဖ) ပြော

စစ်ကောင်စီ၏ မကွေးတိုင်း အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ စစ်သား သုံးဦးနှင့် တိုင်းရဲတပ်ဖွဲ့မှ ရဲ လေးဦး လက်နက်များနှင့်အတူ အလင်းဝင်လာပြီး ပြည်သူနှင့်ပူးပေါင်လာ၍ တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ကျော်စီချီးမြှင့်လိုက်ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောကြားသည်။

ယနေ့ (ဧပြီလ ၃ ရက်) နံနက်ပိုင်းတွင် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ အလင်းဝင်ရောက်လာသော တပ်မ(၁၀၁)မှ စစ်သား သုံးဦးနှင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲ လေးဦးတို့သည် ယခင်က ချိတ်ဆက်ထားသော တပ်တွင်းကိစ္စရပ်များအရ အလင်းဝင်ရောက်လာပြီး တစ်ဦးလျှင် ကျပ် ၁၀၆သိန်းစီ စုစုပေါင်း ၇၄၂ သိန်းအား မြိုင်(ပကဖ)ရင်း – ၁ ဗိုလ်လက်ယာအဖွဲ့က ချီးမြင့်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။

အလင်းဝင်ရောက်လာသည့် စစ်သားနှင့်ရဲများသည် MA3 ၃လက်၊ G3 ၂ လက်၊ G4 ၂ လက်စုစုပေါင်း သေနတ် ခုနစ်လက် အပ်နှံခဲ့ကြောင်း ဗိုလ်လက်ယျာက ပြောသည်။

“အစကတည်းက ချိတ်မိတယ်။ အခုမှ အခွင့်သာလို့ ထွက်လာလို့ ရတာ။ လွတ်မြောက်နယ်‌မြေပို့ပေးမှာပါ။ ဒီဘက်မှာနေချင်လည်းစီမံပေးမှာ။”ဟု ဗိုလ်လက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် အလင်းဝင်လာသည့် စစ်သားနှင့် ရဲ၊ တစ်သောင်းကျော်ရှိပြီး ပြည်သူ့ရင်ခွင်တံခါးမပိတ်မီ အမြန်ဆုံးခိုလှုံကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့(ဧပြီလ ၂ ရက်)တွင် တိုက်တွန်းထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီ လက်အောက်၌ ဆက်လက်တာဝန်ထမ်းဆောင်နေသည့် စစ်သားနှင့် ရဲများ ပြည်သူ့ဘက် ကူးပြောင်းရပ်တည်ရန် အထူးတိုက်တွန်းနှိုးဆော်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ဧပြီ ၂ရက်တွင် ထုတ်ပြန်ထားသည်။ တော်လှန်ရေး အခြေအနေအရပ်ရပ်အရ ပြည်သူ့ရင်ခွင်ခိုလှုံမှုသည် အမြဲတံခါး ဖွင့်ထားမည့် အစီအစဉ် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးခဲ့ပြီး ပြည်သူ့ဘက် မရပ်တည်သူများကို ရန်သူအဖြစ် သတ်မှတ်ကာ တော်လှန်ရေး အရှိန်မြှင့် တိုက်ခိုက် ချေမှုန်းခြင်းကို ခံကြရမည်ဟု ထုတ်ပြန်ခဲ့သည်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ဗိုလ်ချုပ်များအတွက် အသက်ပေးခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃သောင်းကျော်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားထားသည်။

“ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ မင်းအောင်လှိုင်ရဲ့ဘက်မှာ ဆက်လက် ရပ်တည်ပြီး အသေခံမလား၊ စစ်ရာဇဝတ်မှုနှင့် နိုင်ငံတကာ ခုံရုံးတက်မလား ဒါမှမဟုတ် ပြည်သူ့ဘက်မှာ မားမားမတ်မတ် ရပ်ပြီး အနာဂတ်မှာ လိပ်ပြာလုံစွာနဲ့ ရပ်တည်မလားဆိုတာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်မနေ ရွေးချယ်ရမယ့် အခြေအနေကို မကြာမီ ကာလမှာ ရောက်ရှိလာမှာလည်းဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ယခုအချိန်ထိ အကြောင်းအမျိုးမျိုးပြပြီး အကြမ်းဖက်စစ်ဗိုလ်ချုပ်များကို အသက်ပေး ကာကွယ်စောင့်ရှောက်နေကြသည့် တပ်မတော်သား၊ ရဲတပ်သားများကိုလည်း ဝန်ကြီးချုပ်က ပြတ်သားသည့် သတင်းစကားလည်း ပြောကြားခဲ့သည်။

“အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေကို အကာအကွယ်ပေးရင်း အသေခံမလား တော်လှန်ရေးထဲကို အမြန်ပူးပေါင်းပါဝင်ပြီး ပြည်သူလူထုကို အလုပ်အကျွေးပြုမလားဆိုတဲ့ လမ်းနှစ်သွယ်ထဲက တစ်ခုခုကို ခင်ဗျားတို့ အမြန်ဆုံးရွေးချယ်ပါ။ အခုအချိန်မီပါသေးတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။