Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်းရှိ PDF တပ်ရင်းများအား NUG လက်နက် များ စတင်တပ်ဆင်

အခမ်းအနား၌ လက်နက်ပေးအပ်ခြင်းအစီအစဉ်များဆောင်ရွက်ခဲ့ပြီး သင်တန်းကာလအတွင်း လက်နက် ငယ်၊ လက်နက်ကြီးကျွမ်းကျင်မှုဘာသာရပ်များ၊ ဒရုန်းနှင့်စနိုက်ပါ သင်တန်းများကိုပါ ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း ထုတ်ပြန်သည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD- NUG)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD- NUG)

▪️လက်နက်ကြီး၊ လက်နက်ငယ် ၊ စနိုက်ပါနှင့် ဒရုန်း သင်တန်းများပါဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ သင်တန်းဆင်းပွဲကို မတ်လ ၂၇ရက်က မကွေးတိုင်းတစ်နေရာ၌ ကျင်းပခဲ့ခြင်းဖြစ်သည် ဟု အသိပေးသည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD- NUG)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ – MOD- NUG)

အခမ်းအနား၌ လက်နက်ပေးအပ်ခြင်းအစီအစဉ်များဆောင်ရွက်ခဲ့ပြီး သင်တန်းကာလအတွင်း လက်နက် ငယ်၊ လက်နက်ကြီးကျွမ်းကျင်မှုဘာသာရပ်များ၊ ဒရုန်းနှင့်စနိုက်ပါ သင်တန်းများကိုပါ ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း အသိပေးခဲ့ပြီး သဝဏ်လွှာပါအချက် များကိုမူ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD- NUG)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ – MOD- NUG)

“မကွေးတိုင်းမှာ NUGက လက်နက်တပ်ဆင်မှုတွေ မြန်မြန်လုပ်ပေးနိုင်မှ ကျွန်တော်တို့ စစ်ကောင်စီတပ်ကို မကွေးက မောင်းထုတ်နိုင်မှာပါ။ ကျွန်တော်တို့မှာ တိုက်နိုင်ခိုက်နိုင်တဲ့ အရည်အသွေးတွေရှိတယ်။လက်နက်ခဲယမ်းပဲလိုတာ။

မကြာခင် ခရိုင်တပ်ရင်းတွေအလိုက် လက်နက်တွေတပ်တာ မြန်မြန်မြင်ခြင်နေပါပြီ။”ဟုပခုက္ကူခရိုင်တပ်ရင်း၊တပ်ခွဲမှူးကပြောသည်။

အထက်ပါအခမ်းအနားသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း၊ သင်တန်းသားများမှ PDF သီချင်းများ သံပြိုင်ရွတ်ဆိုခြင်း၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံကျေးရွာများမှ စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်များပြုလုပ်ခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။