Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေးတိုင်းရှိ PDF တပ်ရင်းများအား NUG လက်နက် များ စတင်တပ်ဆင်

အခမ်းအနား၌ လက်နက်ပေးအပ်ခြင်းအစီအစဉ်များဆောင်ရွက်ခဲ့ပြီး သင်တန်းကာလအတွင်း လက်နက် ငယ်၊ လက်နက်ကြီးကျွမ်းကျင်မှုဘာသာရပ်များ၊ ဒရုန်းနှင့်စနိုက်ပါ သင်တန်းများကိုပါ ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း ထုတ်ပြန်သည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD- NUG)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD- NUG)

▪️လက်နက်ကြီး၊ လက်နက်ငယ် ၊ စနိုက်ပါနှင့် ဒရုန်း သင်တန်းများပါဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ သင်တန်းဆင်းပွဲကို မတ်လ ၂၇ရက်က မကွေးတိုင်းတစ်နေရာ၌ ကျင်းပခဲ့ခြင်းဖြစ်သည် ဟု အသိပေးသည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD- NUG)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ – MOD- NUG)

အခမ်းအနား၌ လက်နက်ပေးအပ်ခြင်းအစီအစဉ်များဆောင်ရွက်ခဲ့ပြီး သင်တန်းကာလအတွင်း လက်နက် ငယ်၊ လက်နက်ကြီးကျွမ်းကျင်မှုဘာသာရပ်များ၊ ဒရုန်းနှင့်စနိုက်ပါ သင်တန်းများကိုပါ ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း အသိပေးခဲ့ပြီး သဝဏ်လွှာပါအချက် များကိုမူ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD- NUG)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ – MOD- NUG)

“မကွေးတိုင်းမှာ NUGက လက်နက်တပ်ဆင်မှုတွေ မြန်မြန်လုပ်ပေးနိုင်မှ ကျွန်တော်တို့ စစ်ကောင်စီတပ်ကို မကွေးက မောင်းထုတ်နိုင်မှာပါ။ ကျွန်တော်တို့မှာ တိုက်နိုင်ခိုက်နိုင်တဲ့ အရည်အသွေးတွေရှိတယ်။လက်နက်ခဲယမ်းပဲလိုတာ။

မကြာခင် ခရိုင်တပ်ရင်းတွေအလိုက် လက်နက်တွေတပ်တာ မြန်မြန်မြင်ခြင်နေပါပြီ။”ဟုပခုက္ကူခရိုင်တပ်ရင်း၊တပ်ခွဲမှူးကပြောသည်။

အထက်ပါအခမ်းအနားသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း၊ သင်တန်းသားများမှ PDF သီချင်းများ သံပြိုင်ရွတ်ဆိုခြင်း၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံကျေးရွာများမှ စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်များပြုလုပ်ခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။