Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်တွင် ကွမ်းယာထွက်ဝယ်သည့် ရဲဒုတပ်ကြီးတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ၍​သေဆုံး

ယမန်နေ့ (ဧပြီ ၆ ရက်)ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ပုသိမ် ကြီးမြို့ အောင်ချမ်းသာကျေးရွာ လျှပ်စစ်စစ်ဓာတ်အားခွဲရုံလုံခြုံရေးတာဝန်ကျ ရဲဒုတပ်ကြပ် အောင်နွယ်စိုးအား ကွမ်းယာထွက်ဝယ်စဥ် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(စစ်အာဏာသိမ်းမှုဆန့်ကျင်​ကြောင်းဆန္ဒပြသူများအား အင်အားသုံးဖြိုခွင်းရန်​စောင့်ကြည့်​နေ​သောရဲတပ်ဖွဲ့ဝင်များကို ၂၀၂၁ ​ဖေ​ဖော်ဝါရီလက​တွေ့ရစဥ်။ဓါတ်ပုံ-The Guardian)
(စစ်အာဏာသိမ်းမှုဆန့်ကျင်​ကြောင်းဆန္ဒပြသူများအား အင်အားသုံးဖြိုခွင်းရန်​စောင့်ကြည့်​နေ​သောရဲတပ်ဖွဲ့ဝင်များကို ၂၀၂၁ ​ဖေ​ဖော်ဝါရီလက​တွေ့ရစဥ်။ဓါတ်ပုံ-The Guardian)

▪︎​​သေဆုံးသူ၏သေနတ်နှင့်ကျည်ကိုပါ ပစ်ခတ်သူများယူသွား

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီရဲတပ်ဖွဲ့မှ ရဲဒုတပ်ကြပ်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက People’s Spring သတင်းဌာနသို့ ပြော သည်။

ယမန်နေ့ (ဧပြီ ၆ ရက်)ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ပုသိမ် ကြီးမြို့ အောင်ချမ်းသာကျေးရွာ လျှပ်စစ်စစ်ဓာတ်အားခွဲရုံလုံခြုံရေးတာဝန်ကျ ရဲဒုတပ်ကြပ် အောင်နွယ်စိုးအား ကွမ်းယာထွက်ဝယ်စဥ် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ပစ်ခတ်ခံရမှုကြောင့် ရဲဒုတပ်ကြပ်အောင်နွယ်စိုး၏ နား ထင်သို့ ကျည်ဖောက်ဝင်ကာ ပစ်ခံရသည့်နေရာတွင် ပွဲ ချင်းပြီးသေဆုံးသွားကာ လူမှုကူညီရေးအသင်းကားတစ်စီးဖြင့် မန္တလေးနန်းတွင်းသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

ထို့အပြင် ရဲဒုတပ်ကြပ် အောင်နွယ်စိုးကိုင်ဆောင်သည့် M13 အမျိုးအစားသေနတ်တစ်လက်နှင့် ကျည်ဘောက်စ်တစ်ခု၊ ကျည် ၅ တောင့်အား လာရောက်ပစ်ခတ်သူများက ယူဆောင်သိမ်းဆည်းသွားသည်ဟု စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ရှင်းလင်းခံရမှုများကြောင့် စစ်ကောင်စီတပ်က မန္တလေးမြို့တွင် ဖမ်းဆီးစစ်ဆေးမှုများ ဆက် တိုက်လုပ်ဆောင်လျှက်ရှိရာ ယနေ့ ဧပြီ ၇ ရက်မနက်ပိုင်းတွင်လည်း မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်ကွက်အတွင်း လက်နက်တွေ့သည်ဆိုကာ ရဲနှင့်စစ်သားများ ဝင်ရောက်ရှာဖွေမှုများရှိနေကြောင်း ဒေသခံပြည်သူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။