Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်တွင် ဒုဌဝတီတော်လှန်ရေးအင်အားစုမှ ရဲဘော်ငါးဦး ဖမ်းဆီးခံရ

ဒုဌဝတီတော်လှန်ရေးအင်အားစုသည် မန္တလေးအခြေစိုက်အဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည့်အဖွဲ့ ဖြစ်သည်။

(မတ်လ ၁၅ ရက်တွင် မန္တလေးမြို့ရှိ နေရာငါးခု၌ အကြမ်းဖက်စစ်ကောင်စီများက စစ်ဆေးမှုများပြုလုပ်နေစဉ်။ ဓာတ်ပုံ - သပြေညိုသတင်းလွှာ)
(မတ်လ ၁၅ ရက်တွင် မန္တလေးမြို့ရှိ နေရာငါးခု၌ အကြမ်းဖက်စစ်ကောင်စီများက စစ်ဆေးမှုများပြုလုပ်နေစဉ်။ ဓာတ်ပုံ - သပြေညိုသတင်းလွှာ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဒုဌဝတီ တော်လှန်ရေးအင်အားစုမှ ရဲဘော်ငါးဦး ဖမ်းဆီးခံခဲ့ရကြောင်း မန္တလေးအခြေစိုက် အဖွဲ့တစ်ဖွဲ့မှရဲဘော်တစ်ဦးက ပြောသည်။

မတ်လ ၁၄ ရက် ည ၉ နာရီခွဲ အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက Faw ကား ငါးစီးဖြင့်ရောက်ရှိလာကာ ဘုန်းကြီးကျောင်း အနီးရှိအိမ်များကို စစ်ဆေး၍ အိမ်ငှားနေသည့် မိသားစု ငါးဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါဖမ်းဆီးခံရသူများသည် ဒုဌဝတီတော်လှန်ျရးအင်အားစုမှ ရဲဘော်များဖြစ်သောကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ယင်းအဖွဲ့၏ ဖေ့စ်ဘွတ်ခ်သို့ဆက်သွယ်ခြင်းမပြုရန် ၎င်းက သတိပေးသည်။

Public Service Announcement
Public Service Announcement

“မဟာမိတ်တွေလည်း ဂရုစိုက်ကြပါ။ အခုရက်ပိုင်းတော်တော်များများပါနေလို့။ ပြည်သူတွေလည်း ဝိုင်းဝန်းကူညီပေးကြပါလို့တောင်းဆိုပါတယ်”ဟု အထက်ပါရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

ဒုဌဝတီတော်လှန်ရေးအင်အားစုသည် မန္တလေးအခြေစိုက်အဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည့်အဖွဲ့ ဖြစ်သည်။

မတ်လ ၁၅ ရက်နံနက်တွင် မန္တလေးမြို့ရှိ နေရာငါးခု၌ အကြမ်းဖက်စစ်ကောင်စီများက စစ်ဆေးမှုများပြုလုပ်နေပြီး နေ့လည် ၁ နာရီခန့်တွင် မန္တလေး စာတိုက်ကြီးရှေ့၌ Faw ကား ရှစ်စီးတွေ့ရသလို ရွှေကျင်တိုးဂိတ်ဘက်သို့ စစ်ကောင်စီအင်အား ၆၀ ခန့်က Faw ကား ၄ စီး ၊ DC ၃ စီး ဖြင့် ထွက်ခွာသွားကြောင်း မန္တလေးမြေပြင်အခြေအနေများကို ဖော်ပြ‌ပေးနေသည့် သပြေညို သတင်းလွှာက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။