Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်တွင် ဒုဌဝတီတော်လှန်ရေးအင်အားစုမှ ရဲဘော်ငါးဦး ဖမ်းဆီးခံရ

ဒုဌဝတီတော်လှန်ရေးအင်အားစုသည် မန္တလေးအခြေစိုက်အဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည့်အဖွဲ့ ဖြစ်သည်။

(မတ်လ ၁၅ ရက်တွင် မန္တလေးမြို့ရှိ နေရာငါးခု၌ အကြမ်းဖက်စစ်ကောင်စီများက စစ်ဆေးမှုများပြုလုပ်နေစဉ်။ ဓာတ်ပုံ - သပြေညိုသတင်းလွှာ)
(မတ်လ ၁၅ ရက်တွင် မန္တလေးမြို့ရှိ နေရာငါးခု၌ အကြမ်းဖက်စစ်ကောင်စီများက စစ်ဆေးမှုများပြုလုပ်နေစဉ်။ ဓာတ်ပုံ - သပြေညိုသတင်းလွှာ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဒုဌဝတီ တော်လှန်ရေးအင်အားစုမှ ရဲဘော်ငါးဦး ဖမ်းဆီးခံခဲ့ရကြောင်း မန္တလေးအခြေစိုက် အဖွဲ့တစ်ဖွဲ့မှရဲဘော်တစ်ဦးက ပြောသည်။

မတ်လ ၁၄ ရက် ည ၉ နာရီခွဲ အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက Faw ကား ငါးစီးဖြင့်ရောက်ရှိလာကာ ဘုန်းကြီးကျောင်း အနီးရှိအိမ်များကို စစ်ဆေး၍ အိမ်ငှားနေသည့် မိသားစု ငါးဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါဖမ်းဆီးခံရသူများသည် ဒုဌဝတီတော်လှန်ျရးအင်အားစုမှ ရဲဘော်များဖြစ်သောကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ယင်းအဖွဲ့၏ ဖေ့စ်ဘွတ်ခ်သို့ဆက်သွယ်ခြင်းမပြုရန် ၎င်းက သတိပေးသည်။

Public Service Announcement
Public Service Announcement

“မဟာမိတ်တွေလည်း ဂရုစိုက်ကြပါ။ အခုရက်ပိုင်းတော်တော်များများပါနေလို့။ ပြည်သူတွေလည်း ဝိုင်းဝန်းကူညီပေးကြပါလို့တောင်းဆိုပါတယ်”ဟု အထက်ပါရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

ဒုဌဝတီတော်လှန်ရေးအင်အားစုသည် မန္တလေးအခြေစိုက်အဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည့်အဖွဲ့ ဖြစ်သည်။

မတ်လ ၁၅ ရက်နံနက်တွင် မန္တလေးမြို့ရှိ နေရာငါးခု၌ အကြမ်းဖက်စစ်ကောင်စီများက စစ်ဆေးမှုများပြုလုပ်နေပြီး နေ့လည် ၁ နာရီခန့်တွင် မန္တလေး စာတိုက်ကြီးရှေ့၌ Faw ကား ရှစ်စီးတွေ့ရသလို ရွှေကျင်တိုးဂိတ်ဘက်သို့ စစ်ကောင်စီအင်အား ၆၀ ခန့်က Faw ကား ၄ စီး ၊ DC ၃ စီး ဖြင့် ထွက်ခွာသွားကြောင်း မန္တလေးမြေပြင်အခြေအနေများကို ဖော်ပြ‌ပေးနေသည့် သပြေညို သတင်းလွှာက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းကို ဧပြီ ၁၉ရက်က သိမ်းပိုက်နိုင်ခဲ့ရာ တိုက်ပွဲဝင် တော်လှန်ရေးအင်အားစုများကို ဂုဏ်ပြုကြောင်း KNU ဘိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ နှင့် တပ်မဟာ(၄) တပ်မမှူးတို့က လက်မှတ်ရေးထိုးပြီး မှတ်တမ်းလွှာကို ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

သတင်း

တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

သတင်း

ဧပြီ-၉၊၂၀၂၅။ရှိန်း/People’s Spring မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာ‌​တွေမှာ စစ်ဘေးရှောင်လာ နေကြတဲ့ပြည်သူတွေဟာ ငလျင်ဒဏ် ကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေလိုအပ် နေတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။ ပုသိမ်ကြီးမြို့နယ်၊တဲကုန်း၊မဲကင်းကုန်း နဲ့ ကုန်းတန်းကျေးရွာတွေမှာ စစ်ကိုင်းငလျင်​ကြောင့် အနည်းဆုံး စုစုပေါင်းလူဦး ရေ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။...

Facebook