Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်နဲ့ မော်လိုက်မြို့မှာ စစ်တပ် ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဩဂုတ်-၁၃ ၊၂၀၂၆။ဇော်၀င်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဂျက်ဖိုက်တာ၊ရဟတ်ယာဉ်၊ဂျိုင်ရိုကော်ပတာ တွေနဲ့ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဖောင်းပြင်မြို့ ရွှေဘုန်းပွင့်ဘုရားတောင်ပေါ် အခြေစိုက်ထားတဲ့ စစ်တပ်ကပါ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်တပ်က ဦးတည်တိုက်ခိုက်နေတာကြောင့် မင်းယားကျေးရွာက ပြည်သူ ၃ဦးထိခိုက်ခဲ့ကာ ဩဂုတ် ၁၁ရက်က (၆၇)နှစ်အရွယ် ဒေါ်ခင်လှသေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲကြီးကြီးမားမားတော့ မရှိဘူး။ ရေကြောင်းအဆန်တုန်း မော်လိုက်နဲ့ဖောင်းပြင်မှာစစ်သင်္ဘောအုပ်ထဲက တစ်စီးမြုပ်၊တစ်စီးမီးလောင်တော့ အစုန်ကိုကြောက်ပြီး ရမ်းကြဲနေတယ်”လို့ မော်လိုက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ဒါ့အပြင် စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ် မှာဘဲ ရှိနေပြီး မြစ်ကမ်းဘေးတလျှောက် ကျေးရွာတွေက ဒေသခံတွေက ရက်ရှည်စစ်ရှောင်နေရတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရှောင်အရေးကူညီနေသူတစ်ဦးကဆိုပါတယ်။

“ဒီနေ့ရောဆိုရင် ၁၇ရက်ရှိပြီအဆင်မပြေတဲ့ စစ်ရှောင်မိသားစုတွေက စားဝတ်နေရေးအတော်ကြပ်နေပြီ”လို့ သူက ‌ပြောပါတယ်။

ကျောက်တင်သင်္ဘော ၅စီး၊တိုက်ခိုက်ရေး ရေယာဉ် ၂စီး၊စစ်သင်္ဘော ၃စီးနဲ့ ၀န်ထမ်းတင်ထားတဲ့ရေယာဉ် ၂စီး အပါအ၀င် စစ်သင်္ဘောအုပ်စုမှာရေယာဉ် ၂၁ စီးရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်သင်္ဘောအုပ်စုဟာ ဇူလိုင်လဆန်းမှာ မုံရွာဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့အထိ ဆန်တက်ခဲ့တာဖြစ်ပါတယ်။

ကနီ၊မင်းကင်း၊ ကလေးဝမြို့နယ်တွေကို လေကြောင်းလုံခြုံရေးနဲ့ ဖြတ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်က ဗိုလ်ကြီး ၁ဦး၊ ဗိုလ် ၁ဦးအပါအဝင် ၂၀ကျော်သေဆုံးပြီး ၁၅ဦးဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်ချိန်မှာ အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ လူအင်အားနဲ့ စားနပ်ရိက္ခာတွေပို့ဆောင်နေတာပါ။ ဟုမ္မလင်းမြို့မြို့ကနေပြန်စုန်ဆင်းရင်တော့ ဖားကန့်ဒေသထွက် ကျောက်စိမ်းတွေနဲ့ ဟုမ္မလင်း၊ခန္တီးဒေသထွက် သတ္တုတွေပြန်သယ်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ရှောင် ၂ ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) - CTERက ဒီကနေ့ ထုတ်ပြန်ပါတယ်။