Connect with us

Hi, what are you looking for?

News

နှစ်ရှည်ထောင်ဒဏ်ချနိုင်တဲ့ပုဒ်မတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဆူပူအောင်လှုံဆော်မှု၊ အဂတိမှု၊ အစိုးရ လျှို့ဝှက်ချက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ စစ်ကောင်စီဟာ အမှု ၁၀ မှု ဖွင့်ထားသလို နေပြည်တော်က အရပ်သားတ ဦးကလည်း သဘာဝဘေး ပုဒ်မ ၂၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်တွေချနိုင်အောင် ပုဒ်မ ၁၁ ခုနဲ့ တရားစွဲဆိုထားပါတယ်။

အဲဒီအမှုတွေထဲမှာ ထောင်ဒဏ် ၂ နှစ်ကနေ ထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်တဲ့ ပုဒ်မတွေပါဝင်နေတာပါ။

ဆူပူအောင်လှုံဆော်မှု၊ အဂတိမှု၊ အစိုးရ လျှို့ဝှက်ချက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ စစ်ကောင်စီဟာ အမှု ၁၀ မှု ဖွင့်ထားသလို နေပြည်တော်က အရပ်သားတ ဦးကလည်း သဘာဝဘေး ပုဒ်မ ၂၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားပါတယ်။

အမှု ၁၁ မှု ထဲက ဆူပူအောင်လှုံဆော်မှုနဲ့စွပ်စွဲထားတဲ့ ပုဒ်မ ၅၀၅ (ခ) အမှုကို ဒီနေ့မှာ စွဲချက် တင်မတင် အမိန့်ချမှာပါ။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးတဲ့နောက် ရက်ပိုင်းအကြာ မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ကြေညာချက် ၂ ချက်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက ၅၀၅ (ခ) နဲ့ တရားစွဲတာပါ။

အဲဒီကြေညာချက် တွေကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းမဆောင်ရွက်ဖို့ ၊ သမ္မတဦးဝင်းမြင့်သာ တရားဝင်အစိုးရ ဖြစ်ကြောင်း ကုလသမဂ္ဂ ၊ သံရုံးတွေ ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို အသိပေးတဲ့ကြေညာချက်နဲ့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်တဲ့ အမိန့်၊ညွှန်ကြားချက်တွေ ၊ဥပဒေတွေဟာတရားမဝင်ကြောင်း ကြေညာထားတာဖြစ်ပါတယ်။

ဒီကြေညာချက်တွေဟာ နိုင်ငံမတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်တယ်ဆိုပြီး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲထားတာ ပါ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဟာလည်း ပုဒ်မ ၅၀၅ (ခ) ၊ ကိုဗစ်ကာလမှာ မဲဆွယ်တယ်ဆိုပြီး သဘာဝဘေး ပုဒ်မ ၂၅ တွေနဲ့ စစ်ကောင်စီက တရားစွဲထားတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။