Connect with us

Hi, what are you looking for?

LuduNwayOo

News

နှစ်ရှည်ထောင်ဒဏ်ချနိုင်တဲ့ပုဒ်မတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဆူပူအောင်လှုံဆော်မှု၊ အဂတိမှု၊ အစိုးရ လျှို့ဝှက်ချက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ စစ်ကောင်စီဟာ အမှု ၁၀ မှု ဖွင့်ထားသလို နေပြည်တော်က အရပ်သားတ ဦးကလည်း သဘာဝဘေး ပုဒ်မ ၂၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်တွေချနိုင်အောင် ပုဒ်မ ၁၁ ခုနဲ့ တရားစွဲဆိုထားပါတယ်။

အဲဒီအမှုတွေထဲမှာ ထောင်ဒဏ် ၂ နှစ်ကနေ ထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်တဲ့ ပုဒ်မတွေပါဝင်နေတာပါ။

ဆူပူအောင်လှုံဆော်မှု၊ အဂတိမှု၊ အစိုးရ လျှို့ဝှက်ချက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ စစ်ကောင်စီဟာ အမှု ၁၀ မှု ဖွင့်ထားသလို နေပြည်တော်က အရပ်သားတ ဦးကလည်း သဘာဝဘေး ပုဒ်မ ၂၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားပါတယ်။

အမှု ၁၁ မှု ထဲက ဆူပူအောင်လှုံဆော်မှုနဲ့စွပ်စွဲထားတဲ့ ပုဒ်မ ၅၀၅ (ခ) အမှုကို ဒီနေ့မှာ စွဲချက် တင်မတင် အမိန့်ချမှာပါ။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးတဲ့နောက် ရက်ပိုင်းအကြာ မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ကြေညာချက် ၂ ချက်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက ၅၀၅ (ခ) နဲ့ တရားစွဲတာပါ။

အဲဒီကြေညာချက် တွေကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းမဆောင်ရွက်ဖို့ ၊ သမ္မတဦးဝင်းမြင့်သာ တရားဝင်အစိုးရ ဖြစ်ကြောင်း ကုလသမဂ္ဂ ၊ သံရုံးတွေ ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို အသိပေးတဲ့ကြေညာချက်နဲ့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်တဲ့ အမိန့်၊ညွှန်ကြားချက်တွေ ၊ဥပဒေတွေဟာတရားမဝင်ကြောင်း ကြေညာထားတာဖြစ်ပါတယ်။

ဒီကြေညာချက်တွေဟာ နိုင်ငံမတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်တယ်ဆိုပြီး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲထားတာ ပါ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဟာလည်း ပုဒ်မ ၅၀၅ (ခ) ၊ ကိုဗစ်ကာလမှာ မဲဆွယ်တယ်ဆိုပြီး သဘာဝဘေး ပုဒ်မ ၂၅ တွေနဲ့ စစ်ကောင်စီက တရားစွဲထားတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။