Connect with us

Hi, what are you looking for?

News

တံတားဦးက MPT တာဝါတိုင် ဖောက်ခွဲခံရ

အသံသဲ့သဲ့ကြားရပြီး ဘာပေါက်ကွဲတယ်ဆိုတာတော့ သေချာမသိဘူးလို့ အဲဒီအနားမှာ နေထိုင်သူအချို့က ပြောပါတယ်။

မန္တလေးတိုင်း ကျောက်ဆည်ခရိုင်အတွင်း တံတားဦးမြို့နယ်ထဲက MPT တာဝါတိုင်တစ်တိုင် လက်လုပ်မိုင်းနဲ့ဖောက်ခွဲခံရတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီလောက်က တံတားဦးမြို့နယ် မြင်းသည်ကျေးရွာအနီးက MPT တာဝါတိုင် ဖောက်ခွဲခံခဲ့ရတာဖြစ်ပါတယ်။

အသံသဲ့သဲ့ကြားရပြီး ဘာပေါက်ကွဲတယ်ဆိုတာတော့ သေချာမသိဘူးလို့ အဲဒီအနားမှာ နေထိုင်သူအချို့က ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာတော့ ပေါက်ကွဲမှုဖြစ်ပွားတဲ့ ရုပ်သံဖိုင်တစ်ခုတက်လာပြီး အဲဒီရုပ်သံဖိုင်က အဲဒီဖြစ်ရပ်မှတ်တမ်းဟုတ်မဟုတ်တော့ အတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

မနေ့က ညနေပိုင်းကလည်း ကျောက်ဆည်ဆေးရုံရှေ့က ကားတစ်စီး မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဆေးကုသမှုခံယူနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KDDI နဲ့ Sumitomo Corporation တို့အနေနဲ့စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ‌လုပ်‌ဆောင်နေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့ Justice For Myanmar(JFM) အပါအဝင် ဂျပန်အခြေစိုက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်တပ်က ပေါ်တာဆွဲတာတွေပြုလုပ်နေပြီး အခုအပတ်စဉ်အတွက် လူငယ် ၁၀၀ အထိ ပေါ်တာဆွဲမယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆောင်းပါး

ဇေအောင်/People’s Spring တံတားဦးမြို့ဝရောက်တော့ နေမွန်းတည့်လေပြီ။ တံတားဦးသည် တိတ်ဆိတ်လေးတွဲ့စွာဖြင့် ကြိုဆိုခဲ့သည်။ မြို့အဝင် ရန်ကုန်-မန္တလေးလမ်းကို မေးတင်ထားသော လမ်းဘယ်ညာနှဘက်မှ ဆီဆိုင်နှစ်ဆိုင်သည်လည်း ဆီထည့်သည့်ယာဥ် တစီးတလေမျှပင်မရှိ။ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် မန္တလေး၊ အမရပူရမြို့များကို ရောက်ဖြစ်ခဲ့သော်လည်း တံတားဦးမြို့ကိုမူ မရောက်ခဲ့ပေ။ ယခု ငလျင်အလွန် ၃...

သတင်း

ငလျင်ဘေးဒဏ်သင့်တံတားဦးမြို့နယ်မှာစစ်တပ်က တစ်ရွာကို စစ်မှုထမ်းဖို့ လူ ၅ ဦး တောင်းလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ ဦး နှုတ်ထွက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။