Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ မကိုင်တွယ်နိုင်၍ ပြင်ပအကူအညီ ဖိတ်ခေါ်ရတော့မည်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားဝန်ကြီးဌာနသည် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင် ထုတ်ပြန်ခဲ့သည့် အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက်ကို စိတ်ပျက်မိကြောင်း ဖော်ပြသည်။

(အင်ဒိုနီးရှား အာဆီယံထိပ်သီးအစည်းအ​ဝေးတက်​ရောက်ခဲ့​သော အာဆီယံ​အစိုးရ​ခေါင်း​ဆောင်များ။ဓါတ်ပုံ-CNN)
(အင်ဒိုနီးရှား အာဆီယံထိပ်သီးအစည်းအ​ဝေးတက်​ရောက်ခဲ့​သော အာဆီယံ​အစိုးရ​ခေါင်း​ဆောင်များ။ဓါတ်ပုံ-CNN)

▪︎အာဆီယံထိပ်သီးညီလာခံအပြီး ထုတ်ပြန်သော အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက်ကို စိတ်ပျက်မိကြောင်း ဖော်ပြ

မြန်မာ့အရေးကို အာဆီယံခေါင်းဆောင်များ ပူးပေါင်းကိုင်တွယ်နိုင်ခြင်းမရှိသည်မှာ သိသာထင်ရှားပြီး ပြင်ပမှ ကူညီဆောင်ရွက်ပေးမှုများကို ဖိတ်ခေါ်ရတော့မည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထားထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားဝန်ကြီးဌာနသည် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင် ထုတ်ပြန်ခဲ့သည့် အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက်ကို စိတ်ပျက်မိကြောင်း ဖော်ပြသည်။

ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲ၏ရလဒ်သည် မြန်မာနိုင်ငံအပေါ်အရေးယူရန်အခွင့်အလမ်းအား ထပ်မံလက်လွှတ်ဆုံးရှုံးလိုက်ရခြင်းပင်ဖြစ်ပြီး တိုးတက်ဖြစ်ထွန်းမှုများမဆောင်ရွက်နိုင်ဖြစ်ခဲ့ရကြောင်း NUG က ဆိုသည်။

စစ်အာဏာရှင်တို့၏ရည်ရွယ်ချက်ရှိရှိ ရန်စသည့်လုပ်ရပ်များရှိနေသော်လည်း အာဆီယံဥက္ကဋ္ဌ၏ထုတ်ပြန်ချက်အသစ်သည် ‘မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက် မှုများတိုးမြင့်လာခြင်း’ အတွက် စိုးရိမ်ကြောင်းမျှသာဖော်ပြရုံဖြစ်ပြီး ယခင်အာဆီယံဆုံးဖြတ်ချက်များကို ထပ်လောင်းပြောကြားခြင်းမျှသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အာဆီယံဥက္ကဋ္ဌသည် ကုလသမဂ္ဂအပါအဝင်ပြင်ပမှ အကူအညီများကို ဖိတ်ခေါ်ရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးကိစ္စအား နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအားထိပါးနေသည့်ကိစ္စရပ်အဖြစ်တရားဝင်သတ်မှတ်ပြီး ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်နှင့် ပဋိဉာဥ်ပါ အပိုဒ် ၇ အရ စစ်အာဏာရှင်တို့၏ လိုက်နာရန် ပျက်ကွက်ခဲ့မှုအား အရေးပေါ်ထုတ်ဖော်ရန် NUG ကတိုက်တွန်းသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီဆန္ဒနှင့် ကိုက်ညီပြီး မြန်မာပြည်သူတို့၏အကျိုးစီးပွားအပေါ်အခြေတည်သော နိုင်ငံရေးအဖြေရရှိရန် ကြိုးပမ်းအားထုတ်မှုများကို ၎င်း၏ရုံးအဖွဲ့များအား အသုံးပြု၍ အလျဥ်အမြန်အားထုတ်မှုပေးရန်၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်ရက်စက်ကြမ်းကြုတ်သောရာဇ၀တ်မှုကျူးလွန်နေသူများအား တရားစွဲဆိုနိုင်ရန် အပြည်ပြည်ဆိုင်ရာစီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးသည့်နိုင်ငံများအနေနှင့် ၎င်းတို့၏နိုင်ငံတော်တရားရုံးများကို အသုံးပြုရန် NUG က တောင်းဆိုသည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေသူများအား ခွဲခြားခြင်းမရှိဘဲ ဦးစားပေးအကူအညီပေးအပ်ရန်လိုအပ်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဘေးကင်းလုံခြုံစွာဆောင်ရွက်နိုင်ရေးပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အာဆီယံအထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏အထူးကိုယ်စားလှယ်နှင့် အားလုံးပါဝင်သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖိုရမ်အား အာဆီယံအလှည့်ကျဥက္ကဋ္ဌမှ အရေးပေါ်ကျင်းပပေးရန်လည်း တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ