Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘာတိုးတက်မှုမှ မရှိတဲ့ အခြေအနေမှာ အာဆီယံက စစ်ကောင်စီနဲ့ ပုံမှန်ပြန်ဆက်ဆံဖို့ လုံးဝ မဖြစ်နိုင်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်ပြော

အင်ဒို နိုင်ငံခြားရေးဝန်ကြီး မာဆူဒီကတော့ မြန်မာ့အကျပ်အတည်းမှာ အာဆီယံက ထိထိရောက်ရောက် ဘာမှ မဆောင်ရွက်နိုင်ခဲ့ဘူး ဆိုရင်တောင်မှ ကြိုးစားအားထုတ်နေမှုတွေကိုတော့ လျှော့ချပစ်လိုက်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

ဘာတိုးတက်မှုမှ မရှိတဲ့ အခြေအနေမှာ အာဆီယံက စစ်ကောင်စီနဲ့ ပုံမှန်ပြန်ဆက်ဆံဖို့ လုံးဝ မဖြစ်နိုင်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်ပြော
ဘာတိုးတက်မှုမှ မရှိတဲ့ အခြေအနေမှာ အာဆီယံက စစ်ကောင်စီနဲ့ ပုံမှန်ပြန်ဆက်ဆံဖို့ လုံးဝ မဖြစ်နိုင်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်ပြော

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံက ဘာမှ ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်ဘူးဆိုပြီး အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကို အာဆီယံ ညီလာခံတွေဆီ ပြန်ဖိတ်ခေါ် ဆွေးနွေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက သတိပေး ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ ကျင်းပသွားခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံ အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဘာမှ ထိရောက်တိုးတက်အောင် မဖြေရှင်းနိုင်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ မြန်မာ့ အကျပ်အတည်းကို ပြေလျော့စေဖို့ အာဆီယံက 5PCလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို သတ်မှတ်ပေးခဲ့ပေမယ့် လက်တွေ့ လိုက်နာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မြန်မာ စစ်ကောင်စီဟာ အဲဒီ အစည်းအဝေးကို တက်ရောက်ခွင့် မရခဲ့ပါဘူး။

အာဆီယံ အဖွဲ့ထဲက အင်အားကြီး နိုင်ငံတချို့က 5PC သေသေချာချာ အကောင်အထည် ပေါ်မလာမချင်း ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာ့ နိုင်ငံရေး ကိုယ်စားလှယ် တက်ရောက်ခွင့်ကို တားမြစ်ဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ညီလာခံမှာတော့ မြန်မာနိုင်ငံ ပြဿနာကို ဆွေးနွေးရာမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ အာဆီယံတို့ကြား ထိတွေ့မှုတွေ ရှိသင့်ကြောင်း အကြံပြုချက်တချို့ ထွက်ပေါ်လာပါတယ်။ အာဆီယံ အလှည့်ကျ သဘာပတိ တာဝန်ယူထားတဲ့ အင်ဒို သမ္မတ ဝီဒိုဒို ကိုယ်တိုင်ကလည်း စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးမှုဟာ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ သဘောမျိုးလို့ တရားသေ မယူဆသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပြီး အာဆီယံ ညီလာခံရဲ့ သီးခြား အစည်းအဝေးတွေမှာ အာဆီယံနဲ့ စစ်ကောင်စီကြား ဘယ်လို နည်းလမ်းတွေနဲ့ တွေ့ဆုံသင့်သလဲ ဆိုတာတွေကိုပါ တိုင်ပင် နှီးနှောခဲ့ကြောင်း သံတမန်ရေး အသိုက်အဝန်းနဲ့ နီးစပ်သူ တချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ စင်ကာပူ ဝန်ကြီးချုပ် လီကတော့ 5PCကို စစ်ကောင်စီက လေးစား လိုက်နာမှု မရှိဘဲနဲ့ အရင်လိုမျိုး မြန်မာ စစ်ဗိုလ်ချုပ်တွေကို ပုံမှန် ထိတွေ့ ဆက်ဆံတာဟာ လုံးဝ အဓိပ္ပါယ် မရှိဘူးလို့ ယတိပြတ် မှတ်ချက် ပေးခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ မတရား ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေး အစရှိတဲ့ အချက်အလက်တွေ ပါဝင်တဲ့ 5PCကို ငြိမ်းချမ်းရေး အစီအမံ တစ်ခုအဖြစ် အကောင်အထည်ဖော်ဖို့ ၂၀၂၁ ခုနှစ်မှာ အာဆီယံနဲ့ မြန်မာစစ်တပ်တို့ မူအားဖြင့် သဘောတူညီမှု ရခဲ့ပါတယ်။ ဒါပေမဲ့ 5PCဟာ အောင်မြင်မှု နတ္ထိဖြစ်နေတဲ့ အဆိုပြုချက်ဆိုတာ စစ်ကောင်စီရဲ့ မျက်ကွယ်ပြုမှုတွေကြောင့် ပိုပိုပြီး ထင်ရှားလာပါတယ်။

လီက အာဆီယံဟာ 5PCကို လက်ခံ အတည်ပြုဖို့ အတည်အတံ့ကြီးတွေ ဆွေးနွေးခဲ့ကြောင်း၊ အခုတော့ အဲဒီအကြောင်းတွေကို ချက်ချင်း မေ့ပစ်ပြီး ရှေ့လျှောက် (စစ်ကောင်စီနဲ့) ပုံမှန် အခြေအနေမျိုး ထိတွေ့ လုပ်ဆောင်သင့်တယ်လို့ ယူဆနေကြမယ်ဆိုရင် အာဆီယံက ဘာတွေ စွမ်းဆောင်ပြခဲ့သလဲ ဆိုတာကို အရင် ပြန်မေးသင့်ကြောင်း၊ ဘာတိုးတက်မှုမှ မရှိခဲ့တာကို ဘာမှ မှားမနေသလို ရှေ့ဆက်ကြဖို့ ဖြစ်သင့်သလားဆိုတာ ဆန်းစစ်သင့်ကြောင်း ပြောကြားသွားပါတယ်။

အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာတော့ မြန်မာ့နိုင်ငံရေး ပြဿနာဟာ နံပါတ်တစ် ဦးစားပေး ဆွေးနွေးတဲ့ ခေါင်းစဉ် ဖြစ်ခဲ့ပါတယ်။ ဝီဒိုဒိုက အာဆီယံဟာ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်လို့ ခြေလှမ်းသစ်တွေ ရှေ့ဆက်မယ်ဆိုရင် အရင်ဆုံး အဖွဲ့ဝင် နိုင်ငံအားလုံး စုစည်းညီညွတ်ဖို့ လုပ်ရဦးမှာဖြစ်ကြောင်း မှတ်ချက် ပေးထားပါတယ်။

အင်ဒို နိုင်ငံခြားရေးဝန်ကြီး မာဆူဒီကတော့ မြန်မာ့အကျပ်အတည်းမှာ အာဆီယံက ထိထိရောက်ရောက် ဘာမှ မဆောင်ရွက်နိုင်ခဲ့ဘူး ဆိုရင်တောင်မှ ကြိုးစားအားထုတ်နေမှုတွေကိုတော့ လျှော့ချပစ်လိုက်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။