Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ရထားလမ်းချော်ပြီး ၃ ဦးထက်မနည်း သေဆုံး

အမေရိကန် ရထားပို့ဆောင်မှု လုံခြုံရေးဌာနက အခုဖြစ်စဉ်ကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာပါတယ်။ ကယ်ဆယ်ရေးတွေက လမ်းချော်သွားတဲ့ တွဲတွေထဲ ပိတ်မိနေသူတွေကို မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

အမေရိကန်မှာ ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

Amtrak ကော်ပိုရေးရှင်းက ပြေးဆွဲတဲ့ ရထားဟာ စက်တင်ဘာ ၂၅ ရက်က မွန်တာနာ ပြည်နယ်ထဲမှာ လမ်းချော်မှု ဖြစ်ခဲ့တာပါ။ အတွဲ ၁၀ ခုပါတဲ့ ရထားမှာ တွဲ ၇ တွဲက လမ်းချော်ထွက်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ တော်တော်များများ ရှိခဲ့ပါတယ်။

အမေရိကန် ရထားပို့ဆောင်မှု လုံခြုံရေးဌာနက အခုဖြစ်စဉ်ကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာပါတယ်။ ကယ်ဆယ်ရေးတွေက လမ်းချော်သွားတဲ့ တွဲတွေထဲ ပိတ်မိနေသူတွေကို မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

ရထားပေါ်မှာ ခရီးသည် ၁၄၆ ဦးနဲ့ အမှုထမ်း ၁၆ ဦး လိုက်ပါ စီးနင်းလာပါတယ်။ ချီကာဂိုက စတင် ထွက်ခွာလာတဲ့ ရထားဟာ ဂျိုပလင်မြို့နားမှာ လမ်းချော်မှု ဖြစ်ခဲ့တာပါ။ ဒီမတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေထဲမှာတော့ တိမ်းမှောက်နေတဲ့ ရထားတွဲတွေနားမှာ ခရီးသည်တွေရဲ့ ပစ္စည်းတွေ ပြန့်ကြဲနေတာ တွေ့နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရမှု စာရင်းကို အတိအကျ မထုတ်ပြန်သေးပေမယ့် အနည်းဆုံး လူ ၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။