Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရာအိမ်မှူးနေအိမ် ဗုံးပစ်ခံရပြီး ရာအိမ်မှူးရဲ့ မိခင်ဖြစ်သူ သေဆုံး

မနေ့ မေလ ၁၈ရက် ည ပိုင်းမှာလည်း အောင်မြေသာစံမြို့နယ် ၊ဥပုဒ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရတာရှိပါတယ်။

မန္တလေးမှာ ရာအိမ်မှူးနေအိမ် ဗုံးပစ်ခံရပြီး ရာအိမ်မှူးရဲ့ မိခင်ဖြစ်သူ သေဆုံး
မန္တလေးမှာ ရာအိမ်မှူးနေအိမ် ဗုံးပစ်ခံရပြီး ရာအိမ်မှူးရဲ့ မိခင်ဖြစ်သူ သေဆုံး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ရာအိမ်မှူးရဲ့နေအိမ်ဟာ ဒီနေ့မနက်ပိုင်းက ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ကာ ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေအိမ်ဟာ အောင်ပင်လယ်ရပ်ကွက် အကွက် ၁၂/၅၅ ရဲ့ ရာအိမ်မှူး ဦးသန်းနိုင်ရဲ့ နေအိမ်ဖြစ်ပါတယ်။

Public Service Announcement
Public Service Announcement

မနက် ၇ နာရီ ကျော်ခန့်က ဆိုင်ကယ်စီးအမျိုးသား ၂ ဦး ဗုံးပစ်ထည့်သွားတာဖြစ်ပြီး နေအိမ်ရှေ့ ကျရောက်ပါက်ကွဲကာ အိမ်ရှေ့မှာ ထိုင်နေတဲ့ ရာအိမ်မှူးရဲ့ မိခင်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးကြီး နဲ့ လူလတ်ပိုင်း အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး ထိမှန်ခဲ့တယ်လို့ ဒေသခံက ပြောပြပါတယ်။

ဒဏ်ရာရသူတွေကို မန္တလေးဆေးရုံပို့ချိန်မှာ ရာအိမ်မှူးရဲ့ မိခင်ဖြစ်သူ သေဆုံးသွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ကျန် ၂ ဦးကတော့ မစိုးရိမ်ရဘူးလို့သိရပါတယ်။

မနေ့ မေလ ၁၈ရက် ည ပိုင်းမှာလည်း အောင်မြေသာစံမြို့နယ် ၊ဥပုဒ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။