Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချမ်းမြသာစည်မြို့နယ်တွင် မွေးနေ့ပွဲလုပ်နေသည့် စစ်ကောင်စီခန့်ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ယမန်နေ့ (မတ် ၃၀ ရက်)ကလည်း မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် ယာဥ်ဝင်းဟောင်းအနီး မြဝတီဘဏ်ရှေ့ရှိ လုံခြုံရေးရဲကင်းအား အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။

(စစ်ကောင်စီခန့်ရာအိမ်မှူး ဆန်းအောင်(ခ)စမုတ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဥ်)
(စစ်ကောင်စီခန့်ရာအိမ်မှူး ဆန်းအောင်(ခ)စမုတ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဥ်)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မွေးနေ့ပွဲပြုလုပ်နေသည့် စစ်ကောင်စီခန့်ရာအိမ်မှူး ဆန်းအောင်(ခ)စမုတ်ဆိုသူအား ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မန္တလေး အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က People’s Spring သို့ ပြောသည်။

ယနေ့ ညနေ ၄ နာရီခန့်က ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် (၁၁၃) လမ်း (၄၆) လမ်းနှင့် (၄၇) လမ်းကြားတွင်နေထိုင်ကာ မွေးနေ့ပွဲကျင်းပနေသော ရာအိမ်မှုးဆန်းအောင်(ခ)စမုတ်အား မွေးနေ့နှင့် သေနေ့တစ်ထပ်တည်းကျစေရန် မွေးနေ့လက်ဆောင်ပေးကာ ရာထူးမှ ရပ်နားပေးခဲ့သည်ဟု ဆိုသည်။

“သုံချက်ပစ်ခံရတာ သေတယ်တဲ့”ဟု အထက်ပါ ပစ်ခတ်မှုနှက့်စပ်လျဥ်းပြီး မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ရာအိမ်မှုးဆန်းအောင်(ခ) စမုတ်သည် လူမိုက်များမွေးကာ ပြည်သူပိုင်အိုးအိမ်များအား “ဂရံရှိလည်းဖယ် မဖယ်ရင်ခုဖျက်”ဟု ဆဲဆိုကာ ပြည်သူ့အိုးအိမ်များအား မိုက်ရိုင်းစွာ‌ဖျက်ဆီး‌နေသူတစ်ဦးဖြစ်ကြောင်း အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“နေအိမ်မှာ သွားရှင်းခဲ့တာ။ ပွဲချင်းပြီးသေတယ်”ဟု အောင်စည်တော်စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ရာအိမ်မှူးဆန်းအောင်(ခ)စမုတ်သည် ပြည်သူများအား လက်နက်ပြကာ ခြိမ်းခြောက်ဖယ်ရှားစေခြင်း၊ စစ်ကောင်စီအလိုကျ အုပ်ချုပ်နေခြင်းအတွက် အောင်စည်တော်ရဲဘော်များမှ ထိုရာအိမ်မှူးအမှိုက်အား ဖယ်ရှားရှင်းလင်းရခြင်းဖြစ်သည်ဟု အသိပေးသည်။

အဆိုပါ ရာအိမ်မှူးဆန်းအောင်ထံမှ Glock Pistol ပွိုင့် 380 တစ်လက်၊ ပွိုင့် 380 ကျည် ၂၂ တောင့် ဖုန်းနှစ်လုံးနှင့် တခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ပြီး အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များမှာ ပြည်သူပို့သသော မေတ္တာကြောင့်အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့သည်ဟုဆိုသည်။

နောက်နောင်တွင် ပြည်သူများအား နှိပ်စက်ဒုက္ခပေးနေသော စစ်သား၊ ရဲနှင့် စစ်ကောင်စီ လက်ပါးစေများအပါအဝင် ထောက်တိုင်အမှိုက်များအား အောင်စည်တော်စစ်ဆင်ရေးရဲဘော်များမှ တရစပ်ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်းနှင့် စစ်ရေးတိုက်ခိုက်မှုများကို အရှိန် အဟုန်မြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ယမန်နေ့ (မတ် ၃၀ ရက်)ကလည်း မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် ယာဥ်ဝင်းဟောင်းအနီး မြဝတီဘဏ်ရှေ့ရှိ လုံခြုံရေးရဲကင်းအား အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။