Connect with us

Hi, what are you looking for?

သတင်း

ချမ်းမြသာစည်မြို့နယ်တွင် မွေးနေ့ပွဲလုပ်နေသည့် စစ်ကောင်စီခန့်ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ယမန်နေ့ (မတ် ၃၀ ရက်)ကလည်း မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် ယာဥ်ဝင်းဟောင်းအနီး မြဝတီဘဏ်ရှေ့ရှိ လုံခြုံရေးရဲကင်းအား အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။

(စစ်ကောင်စီခန့်ရာအိမ်မှူး ဆန်းအောင်(ခ)စမုတ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဥ်)
(စစ်ကောင်စီခန့်ရာအိမ်မှူး ဆန်းအောင်(ခ)စမုတ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဥ်)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မွေးနေ့ပွဲပြုလုပ်နေသည့် စစ်ကောင်စီခန့်ရာအိမ်မှူး ဆန်းအောင်(ခ)စမုတ်ဆိုသူအား ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မန္တလေး အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က People’s Spring သို့ ပြောသည်။

ယနေ့ ညနေ ၄ နာရီခန့်က ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် (၁၁၃) လမ်း (၄၆) လမ်းနှင့် (၄၇) လမ်းကြားတွင်နေထိုင်ကာ မွေးနေ့ပွဲကျင်းပနေသော ရာအိမ်မှုးဆန်းအောင်(ခ)စမုတ်အား မွေးနေ့နှင့် သေနေ့တစ်ထပ်တည်းကျစေရန် မွေးနေ့လက်ဆောင်ပေးကာ ရာထူးမှ ရပ်နားပေးခဲ့သည်ဟု ဆိုသည်။

“သုံချက်ပစ်ခံရတာ သေတယ်တဲ့”ဟု အထက်ပါ ပစ်ခတ်မှုနှက့်စပ်လျဥ်းပြီး မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ရာအိမ်မှုးဆန်းအောင်(ခ) စမုတ်သည် လူမိုက်များမွေးကာ ပြည်သူပိုင်အိုးအိမ်များအား “ဂရံရှိလည်းဖယ် မဖယ်ရင်ခုဖျက်”ဟု ဆဲဆိုကာ ပြည်သူ့အိုးအိမ်များအား မိုက်ရိုင်းစွာ‌ဖျက်ဆီး‌နေသူတစ်ဦးဖြစ်ကြောင်း အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“နေအိမ်မှာ သွားရှင်းခဲ့တာ။ ပွဲချင်းပြီးသေတယ်”ဟု အောင်စည်တော်စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ရာအိမ်မှူးဆန်းအောင်(ခ)စမုတ်သည် ပြည်သူများအား လက်နက်ပြကာ ခြိမ်းခြောက်ဖယ်ရှားစေခြင်း၊ စစ်ကောင်စီအလိုကျ အုပ်ချုပ်နေခြင်းအတွက် အောင်စည်တော်ရဲဘော်များမှ ထိုရာအိမ်မှူးအမှိုက်အား ဖယ်ရှားရှင်းလင်းရခြင်းဖြစ်သည်ဟု အသိပေးသည်။

အဆိုပါ ရာအိမ်မှူးဆန်းအောင်ထံမှ Glock Pistol ပွိုင့် 380 တစ်လက်၊ ပွိုင့် 380 ကျည် ၂၂ တောင့် ဖုန်းနှစ်လုံးနှင့် တခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ပြီး အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များမှာ ပြည်သူပို့သသော မေတ္တာကြောင့်အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့သည်ဟုဆိုသည်။

နောက်နောင်တွင် ပြည်သူများအား နှိပ်စက်ဒုက္ခပေးနေသော စစ်သား၊ ရဲနှင့် စစ်ကောင်စီ လက်ပါးစေများအပါအဝင် ထောက်တိုင်အမှိုက်များအား အောင်စည်တော်စစ်ဆင်ရေးရဲဘော်များမှ တရစပ်ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်းနှင့် စစ်ရေးတိုက်ခိုက်မှုများကို အရှိန် အဟုန်မြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ယမန်နေ့ (မတ် ၃၀ ရက်)ကလည်း မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် ယာဥ်ဝင်းဟောင်းအနီး မြဝတီဘဏ်ရှေ့ရှိ လုံခြုံရေးရဲကင်းအား အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။