Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ပြပြောက်ကျား ၈ ဦး နဲ့ထောက်ပံ့သူ ၅ ဦးကိုဖမ်းမိထားတယ်လို့ စစ်ကောင်စီကြေညာ

RPGF အဖွဲ့ကို ၁၆ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ၈ ဦးကို ဖမ်းမိထားလို့ ကျန်တဲ့သူတွေကို ဆက်ဖမ်းမယ်လို့လည်း စစ်ကောင်စီက သတင်းဖြန့်ထားတာတွေ့ရပါတယ်။

မန္တလေးမြို့ပြပြောက်ကျား ၈ ဦး နဲ့ထောက်ပံ့သူ ၅ ဦးကိုဖမ်းမိထားတယ်လို့ စစ်ကောင်စီကြေညာ
မန္တလေးမြို့ပြပြောက်ကျား ၈ ဦး နဲ့ထောက်ပံ့သူ ၅ ဦးကိုဖမ်းမိထားတယ်လို့ စစ်ကောင်စီကြေညာ

မန္တလေးမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင် ၈ ဦးနဲ့ ထောက်ပံ့သူ ၅ ဦး စုစုပေါင်း ၁၂ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ဖမ်မိသူ မြို့ပြပြောက်ကျားတွေဟာ Royal Phoenix Guerilla Force-RPGF အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါအပြင် အမျိုးသမီး ၃ ဦးအပါအဝင် အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦးကိုလည်း ထောက်ပံ့သူတွေအဖြစ် စစ်ကောင်စီကစွပ်စွဲဖမ်းဆီးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက အဖွဲ့ ရဲ့ ဒုခေါင်းဆောင်ကို ချမ်းမြသာစည်မြို့နယ်ထဲမှာ ဖမ်းမိပြီးနောက် မေလ ၁၈ ရက်မှာ အဖွဲ့ခေါင်းဆောင်ကို ထပ်မံ ဖမ်းမိတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်အဖွဲ့ဝင် ၆ ဦးကို ဆက်တိုက်ဖမ်းမိတယ်လို့သိရပါတယ်။

ဖမ်းမိသူတွေဟာ မန္တလေး နဲ့ စစ်ကိုင်းတိုင်းထဲမှာ ဖောက်ခွဲမှုတွေ ၊ဒလန်ရှင်းလင်းသတ်ဖြတ်မှုတွေကျုးလွန်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

RPGF အဖွဲ့ကို ၁၆ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ၈ ဦးကို ဖမ်းမိထားလို့ ကျန်တဲ့သူတွေကို ဆက်ဖမ်းမယ်လို့လည်း စစ်ကောင်စီက သတင်းဖြန့်ထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။