Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာကို ရည်မှန်းထားကြောင်း ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ အတည်ပြု

အုပ်ချုပ်ရေး အာဏာအပြင် MFPရဲ့ အဓိက ရည်မှန်းချက် ၃ ခုကို အကောင်အထည် ဖော်ရာမှာ ဥပဒေပြုရေး ဆိုင်ရ အကြီးအကဲ နေရာကို ရရှိဖို့ကလည်း အရေးကြီးနေကြောင်း၊ ဒါမှသာ မဲဆွယ်မှု ကာလမှာ ပါတီက ကတိပြုထားတဲ့ မူဝါဒတွေကို အကောင်အထည် ဖော်ဖို့ အခွင့်အလမ်း ရှိလာမှာဖြစ်ကြောင်း ဆီရီကန်ညာက ဆိုပါတယ်။

အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာကို ရည်မှန်းထားကြောင်း ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ အတည်ပြု
အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာကို ရည်မှန်းထားကြောင်း ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ အတည်ပြု

မဲဆန္ဒရှင် ပြည်သူတွေဆီ ပေးအပ်ထားတဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေကို ဖော်ဆောင်နိုင်ဖို့အတွက် အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာကို ထိန်းချုပ်နိုင်ရေး ရည်မှန်းထားကြောင်း ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီက ပြောပါတယ်။

မုဗ်ဖော်ဝပ်ပါတီ (MFP)ဟာ ပါတီရဲ့ သမိုင်းကြောင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပါတယ်။ ထိုင်းနိုင်ငံရေး၊ စစ်ရေးနဲ့ ဘုရင်စနစ်တွေမှာ ခေါက်ရိုးကျိုးနေတဲ့ အစဉ်အလာတွေကို တော်လှန် ပြောင်းလဲမယ်လို့ ကြွေးကြော်ပြီး မဲဆွယ်ခဲ့တဲ့ MFPဟာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ အားလုံးကို အံ့ဩစေတဲ့ထိ ရလဒ်ကောင်းမျိုး ပိုင်ဆိုင်ခဲ့ပါတယ်။

အခုအခါ MFPက တခြား အတိုက်အခံ အင်အားစုတွေကို ပေါင်းစည်းပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ဖို့ ကြိုးစားနေသလို ပါတီခေါင်းဆောင် ပီတာ လင်ဂျန်ရွန်ရတ်ကလည်း ဝန်ကြီးချုပ် နေရာကို ရည်မှန်းနေပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကြို ကတိတွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရေးအတွက် သူ့ပါတီက အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာကိုပါ ရရှိနိုင်ဖို့ မျှော်လင့်နေကြောင်း ရွေးကောက်ပွဲ အနိုင်ရ အမျိုးသမီး အမတ်လောင်း ဆီရီကန်ညာ တန်ဆူကွန်က ပြောပါတယ်။

အုပ်ချုပ်ရေး အာဏာအပြင် MFPရဲ့ အဓိက ရည်မှန်းချက် ၃ ခုကို အကောင်အထည် ဖော်ရာမှာ ဥပဒေပြုရေး ဆိုင်ရ အကြီးအကဲ နေရာကို ရရှိဖို့ကလည်း အရေးကြီးနေကြောင်း၊ ဒါမှသာ မဲဆွယ်မှု ကာလမှာ ပါတီက ကတိပြုထားတဲ့ မူဝါဒတွေကို အကောင်အထည် ဖော်ဖို့ အခွင့်အလမ်း ရှိလာမှာဖြစ်ကြောင်း ဆီရီကန်ညာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

MFP မဲဆွယ်ထားတဲ့ အချက်တွေထဲမှာ ထိုင်းတော်ဝင် မိသားစုကို မတန်တဆ ကာကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့၊ တော်ဝင်မိသားစုရဲ့ အသုံးစရိတ်ကို ကန့်သတ်ဖို့၊ ထိုင်းစစ်တပ်ကို ပြင်ဆင်ဖွဲ့စည်းဖို့နဲ့ အခြေခံ ဥပဒေကို ပြင်ဆင် ရေးဆွဲဖို့ ဆိုတဲ့ထိ ရည်မှန်းချက် ကြီးမားသလောက် အလွန်အကျွံ စွန့်စားရမယ့် ရည်မှန်းချက်တွေ ပါဝင်နေပါတယ်။

လောလောဆယ်မှာတော့ MFPဟာ ထိုင်းရဲ့ အင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ ဖျူထိုင်း (PTP) အပါအဝင် ပါတီ ၇ ခုပါဝင်တဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုကို စုစည်းထားပါတယ်။ အဲဒီ အင်အားစုဟာ အောက်လွှတ်တော် အမတ်နေရာ ၃၁၂ ခုကို ထိန်းချုပ်ထားနိုင်မှာ ဖြစ်ပေမယ့် ဝန်ကြီးချုပ် နေရာကို ရွေးချယ်ပေးဖို့ အထက်နဲ့ အောက်လွှတ်တော် အမတ်နေရာ စုစုပေါင်း ၃၇၆ ခုထိ လိုအပ်မှာပါ။ အထက်လွှတ်တော် အမတ်နေရာ ၂၅၀ စလုံးကိုတော့ ၂၀၁၄ မှာ အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်က ရွေးချယ် ထားခဲ့တာဖြစ်ပြီး ပီတာ ဝန်ကြီးချုပ် ဖြစ်ရေးမှာ အဓိက အကျဆုံး တားဆီးပိတ်ပင်မယ့် အင်အားစုတွေအဖြစ် ယူဆခြင်း ခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။