Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ထိုင်း တောင်းဆို

မြန်မာစစ်တပ်က အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းဒုတိယဝန်ကြီးချုပ်တို့က တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရင်း ဝါရှင်တန်ကိုရောက်ရှိနေတဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင် ငံခြားရေးဝန်ကြီး Don Pramudwinai ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က မနေ့က လက် ခံတွေ့ဆုံခဲ့ပြီး မြန်မာ့အကျပ်အတည်းကို နှစ်နိုင်ငံစလုံးက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နောက်ပြီး အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အကျပ် အတည်းဖြေရှင်းရေး သဘောတူဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုလည်း နှစ်နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ မနေ့က စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကို လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအပါအဝင် ဒေသတွင်းစိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန် ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။