Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၅ နှစ်အထက် ကလေးတွေမှာ Pfizerရဲ့ ကာကွယ်ဆေး ထိုးခွင့်ရဖို့ ပိုနီးစပ်လာ

အမေရိကန် ကုမ္ပဏီ Pfizerနဲ့ ဂျာမန် ဆေးသုတေသန လုပ်ငန်းစုကြီး BioNTechတို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား အရွယ်တွေမှာ ထိုးနှံဖို့ ခွင့်ပြုချက် ရပြီး ဖြစ်သလို ၁၅ နှစ်အထက် အရွယ်တွေအတွက် ရာနှုန်းပြည့် ထောက်ခံချက် ရရှိထားပါတယ်။

ကလေးတွေမှာ ကာကွယ်ဆေး စမ်းသပ်ထားတဲ့ သိပ္ပံနည်းကျ မှတ်တမ်း အချက်အလက်တွေကို အမေရိကန် ဆေးကုမ္ပဏီ Pfizerက ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန (FDA)က ကာကွယ်ဆေး ကုမ္ပဏီတွေက အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေမှာ ဆေးစမ်းသပ်ထားတဲ့ သိပ္ပံနည်းကျ မှတ်တမ်း အချက်အလက်တွေကို ဆန်းစစ် လေ့လာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အခုတော့ Pfizerက ဒီမှတ်တမ်းတွေကို FDAဆီ တင်ပြထားလိုက်ပါပြီ။

FDA အနေနဲ့ Pfizerရဲ့ အချက်အလက်တွေကို စိစစ်ပြီး မီးစိမ်းပြလိုက်ပြီဆိုရင် အောက်တိုဘာ လကုန်ပိုင်းလောက်မှာ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေကိုပါ ကာကွယ်ဆေး ထိုးခွင့် ပြုလာဖွယ် ရှိပါတယ်။ အမေရိကန်မှာ ကလေးတွေ ကိုဗစ်ရောဂါ ကူးစက်နှုန်းက စက်တင်ဘာ လဆန်းပိုင်းလောက်မှာ အမြင့်ဆုံး အဆင့်ထိ ရောက်ရှိခဲ့တဲ့နောက် သန်းပေါင်း များစွာသော မိဘတွေက ကလေးတွေကို ကာကွယ်ဆေး ထိုးပေးဖို့ လိုလားလာခဲ့ပါတယ်။

အမေရိကန် ကုမ္ပဏီ Pfizerနဲ့ ဂျာမန် ဆေးသုတေသန လုပ်ငန်းစုကြီး BioNTechတို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား အရွယ်တွေမှာ ထိုးနှံဖို့ ခွင့်ပြုချက် ရပြီး ဖြစ်သလို ၁၅ နှစ်အထက် အရွယ်တွေအတွက် ရာနှုန်းပြည့် ထောက်ခံချက် ရရှိထားပါတယ်။

Public Service Announcement

Public Service Announcement

နွေရာသီမှာ အမေရိကန် တစ်နိုင်ငံလုံးအနှံ့ ကျောင်းတွေ ပြန်ဖွင့်ဖို့ ရည်ရွယ်ထားတာကြောင့် ကလေးတွေ ကာကွယ်ဆေး ထိုးနှံနိုင်ရေးကို အမြန်ဆုံး စိစစ် ခွင့်ပြုသွားဖွယ် ရှိနေပါတယ်။ Pfizerနဲ့ BioNTechတို့ဟာ ဆေးဝါး စမ်းသပ်မှု အချက်အလက်တွေကို ဥရောပ ဆေးဝါး ကွပ်ကဲမှု အေဂျင်စီနဲ့ နိုင်ငံအလိုက် ဆေးဝါး အရည်အသွေး စိစစ်ရေး ဌာနတွေဆီ ပေးပို့ဖို့ ပြင်ဆင်နေပါတယ်။

တခြား အမေရိကန် ဆေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Modernaရဲ့ ကာကွယ်ဆေးကတော့ မြီးကောင်ပေါက် အရွယ်တွေအတွက် အမေရိကန်မှာ သုံးစွဲခွင့် မပေးသေးပေမယ့် ဥရောပမှာ ခွင့်ပြုချက် ရထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား နိုင်ငံမှာ အတွဲလိုက် လှုပ်ရှားသွားခဲ့တဲ့ ငလျင်ကြီးတွေအပြီး အပျက်အစီးပုံအောက်မှာ ၆ ရက်ကြာ ပိတ်မိနေတဲ့ ၃ နှစ်သား ကလေးငယ် တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။