Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အမေရိကန်နှင့်အတူ အဖက်ဖက်မှ ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယကို CRPH တောင်းဆို

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ၎င်းတို့အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဥပဒေမဲ့အရေးယူဆောင်ရွက်ထားခြင်းမရှိကြောင်း အမေရိကန်-အိန္ဒိယ ပူးတွဲကြေညာချက်အပြီး ထုတ်ပြန်ထားသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့(အာဏာသိမ်း စစ်ကောင်စီ)ကို နားလည်မှု၊ အားပေးမှုနှင့်အပြုသဘောပူးပေါင်း ဆောင်ရွက်မှုများ ပေးအပ်ရန်လိုအပ်သည်ဟုဆိုသည်။

(အိန္ဒိယဝန်ကြီးချုပ်မိုဒီကိုအ​မေရီကန်သမ္မတဂျိုးဘိုင်ဒန်နှင့် အတူ ​အ​မေရီကန်ခရီးစဥ်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ)
(အိန္ဒိယဝန်ကြီးချုပ်မိုဒီကိုအ​မေရီကန်သမ္မတဂျိုးဘိုင်ဒန်နှင့် အတူ ​အ​မေရီကန်ခရီးစဥ်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ)

▪︎စိုးရိမ်မှုများမှသည် လက်တွေ့ကျ ထိရောက်သော ကူညီမှုများအဖြစ်သို့ ပြောင်းလဲရန် ထောက်ပြ

တရားမဝင်စစ်ကောင်စီကို အမေရိကန်နှင့်အတူ အဖက်ဖက်မှ ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယအစိုးရကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယနေ့ တိုက်တွန်းသည်။

မြန်မာ့အိမ်နီးချင်း အိန္ဒိယသည် ယခုလက်ရှိတွင် စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေကြသော မြန်မာပြည်သူများ၏ ရုန်းကန်မှုကို စာနာကူညီသောအားဖြင့် အကြမ်းဖက်တရားမဝင် စစ်ကောင်စီနှင့် စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ရပ်တန့်ရန်၊ အမေရိကန်နှင့် အိန္ဒိယတို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဒီမိုကရေစီအင်အားစုများကို ထိရောက်သော ပံ့ပိုးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ပေးရန် CRPH က တိုက်တွန်းသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဝါရှင်တန်ခရီးစဥ်အတွင်း အမေရိကန်သမ္မတနှင့် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ ခေါင်းဆောင်နှစ်ဦးက မြန်မာနိုင်ငံ ဆိုးရွားပျက်စီးနေမှုအပေါ် စိုးရိမ်ကြောင်းနှင့် တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ပြန်လွှတ်ပေးရန်၊ ဒီမိုကရေစီအသွင်းကူးပြောင်းရေးလမ်းဆီ ပြန်သွားရန် စသည့်အချက်များကို ထည့်သွင်းဖော်ပြခဲ့သည်။ ယင်းသို့ မြန်မာ့အရေးထည့် သွင်းဖော်ပြမှုကို CRPH က ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်သည်။

သို့သော် စိုးရိမ်မှုများမှသည် လက်တွေ့ကျ ထိရောက်သော ကူညီမှုများအဖြစ်သို့ ဆက်လက်ဖော်ဆောင်ကူညီပေးရန် အထူးလိုအပ်ကြောင်း CRPH က ထောက်ပြသည်။

Public Service Announcement

Public Service Announcement

အိန္ဒိယသည် မြန်မာပြည်နိုင်ငံရေးတွင် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး၊ နည်းပညာပိုင်း၊ ရွေးကောက်ပွဲ၊ စီးပွားရေး စသည့်နယ်ပယ်များတွင် ဝင်ရောက်စွက်ဖက်ကာ အကြမ်းဖက်စစ်အုပ်စုကို ပြန်လည် နေရာပေးရေးအတွက် တက်တက်ကြွကြွဆောင်ရွက်နေကြောင်း India For Myanmar တာ၀န်ရှိသူ မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။ အမေရိကန်-အိန္ဒိယခေါင်းဆောင်နှစ်ဦး၏ ပူးတွဲကြေညာချက်မှတဆင့် မြန်မာပြည်သူများ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲ ဝင်နေသည်ကို ထုတ်ပြောလာရန် အမေရိကန်က အိန္ဒိယကို ဆွဲဆောင်နိုင်၍ India For Myanmar က ကြိုဆိုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အိန္ဒိယအနေနဲ့ ကျွန်မတို့ပြည်သူတွေရဲ့ ပြည်သူ့အသံကို လေးစားလိုက်နာဖို့၊ ဒီမိုကရေစီ စံချိန်စံနှုန်းတွေကို လေးစားလိုက်နာဖို့၊ စစ်အုပ်စုက မတရားအကြမ်းဖက်အာဏာသိမ်းမှုနဲ့ စစ်ရာဇဝတ်မှုတွေမှာ အလိုတူ အလိုပါ မဖြစ်ဖို့၊ ရပ်တန့်ဖို့ ဒါတွေကို ကျွန်မတို့ တောင်းဆိုလျှက်ရှိပါတယ်” ဟု မသဥ္ဇာရွှန်းလဲ့ရည်က ဆက်ပြောသည်။

အမေရိကန်-အိန္ဒိယ ခေါင်းဆောင်နှစ်ဦး၏ ပူးတွဲကြေညာချက်နှင့်ပတ်သက်၍ CRPH က လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တန်းတူအခွင့်အရေးနှင့် စုံလင်ကွဲပြားမှု စံတန်ဖိုးများအပေါ် ထားရှိသည့် နှစ်နိုင်ငံခေါင်းဆောင်များ၏ ကတိကဝတ်ကို ဝမ်းမြောက်စွာ တွေ့ရှိရပြီး မြန်မာပြည်သူများအတွက် စစ်အာဏာသိမ်းမှုကြောင့် ဆုံးရှုံးသွားရသည့် ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးတို့ ပြန်လည်ရရှိခံစားနိုင်ရန် အင်အားကြီး ဒီမိုကရေစီနိုင်ငံနှစ်နိုင်ငံ ဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့ထံမှ လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ဆက်လက်ပေးအပ်ရန် တောင်းဆို ထားသည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ၎င်းတို့အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဥပဒေမဲ့အရေးယူဆောင်ရွက်ထားခြင်းမရှိကြောင်း အမေရိကန်-အိန္ဒိယ ပူးတွဲကြေညာချက်အပြီး ထုတ်ပြန်ထားသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့(အာဏာသိမ်း စစ်ကောင်စီ)ကို နားလည်မှု၊ အားပေးမှုနှင့်အပြုသဘောပူးပေါင်း ဆောင်ရွက်မှုများ ပေးအပ်ရန်လိုအပ်သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။