Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချုပ်နှောင်ခံထားရသော်လည်း နွေဦးတော်လှန်ရေးတွင်နိုင်ရာဝန်ထမ်းဆောင်နေသည့် လူထုခေါင်းဆောင်အား လေးစားဦးညွှတ်ကြောင်း CRPH ထုတ်ပြန်

ယနေ့ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းသဝဏ်လွှာကို CRPHက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ချုပ်နှောင်ခံထားရသော်လည်း နွေဦးတော်လှန်ရေးတွင်နိုင်ရာဝန်ထမ်းဆောင်နေသည့် လူထုခေါင်းဆောင်အား လေးစားဦးညွှတ်ကြောင်း CRPH ထုတ်ပြန်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် အကြမ်းဖက် စစ်အာဏာရှင်နှင့် အပေါင်းအပါများ၏ ဥပဒေမဲ့စွာ မတရားဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရ သော်လည်း ကြောက်ရွံခြင်းအလျဥ်းမရှိ အခက်အခဲများစွာအား ခါးစီးခံကာ ပြည်သူလူထု၏ သဘောထားဆန္ဒများနှင့်အညီ ပြည်သူလူထု၏စုစည်းအားဖြစ်သည့် နွေဦးတော်လှန်ရေးတွင် တစ်ဖက်တစ်လမ်းမှ နိုင်ရာဝန်ကို ပါဝင်ထမ်းဆောင်လျက်ရှိသည်ကို လေးစားဦးညွှတ်ကြောင်းပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်သည်။

လူထုခေါင်းဆောင်၏ ထက်မြက်သောဉာဏ်ပညာ၊ ရဲရင့်တည်ကြည်သော စိတ်ဓာတ်၊ အမှန်တရားကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်၊ တန်းတူညီမျှဖြင့် ခွဲခြားဆက်ဆံမှုမရှိသော ဖြောင့်မတ် မှန်ကန်မှု၊ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့နှင့်အတူ နိုင်ငံရေးသမိုင်း တစ်လျှောက်တွင် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် ခံယူချက်ပြတ်သားစွာ ပေးဆပ်ခဲ့ပုံများမှာလေးစား တန်ဖိုးထားစရာ ကောင်းလှသည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ယနေ့ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းသဝဏ်လွှာကို CRPHက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက်တွင် စီးပွား​ရေးအကြံ​ပေးတာဝန်ထမ်း​ဆောင်ခဲ့ပြီး စစ်​ကောင်စီက ရက်​ပေါင်း ၅၀၀ ​ကျော်ဖမ်းဆီး​ထောင်ချခံခဲ့ရ​သော သြစ​တြေးလျနိုင်ငံသားစီးပွား​ရေးပညာရှင် ​ရှောင်တာနယ်လ်က ​ထောင်အတွင်း ​ဒေါ်​အောင်ဆန်းစုကြည်နှင့်​တွေ့ဆုံခဲ့စဥ် သူမက ဒီမိုက​ရေစီနှင့် လွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်​နေ​​သော မြန်မာပြည်သူများ ၊အထူးသဖြင့် လူငယ်များအတွက် အလွန်ဂုဏ်ယူ​ကြောင်း​ပြောပြသည်ဟု ​ရှောင်ကလွတ်​မြောက်လာပြီး​နောက် နိုင်ငံတကာသတင်းဌာနများသို့​ပြောသည်။

Public Service Announcement

Public Service Announcement

“အဖမ်းခံရပြီးတဲ့နောက် ကျနော် သူမ ကို ‌နောက်ဆုံးတွေ့ရတာက လွန်ခဲ့တဲ့ ၈ ပါတ်လောက်ကပါ။ ကျနော်တို့နုတ်ဆက်စကားလိုမျိုး ပြောဖြစ်ခဲ့ပါတယ်။ မိသားစုနဲ့ မိတ်ဆွေတို့ကို သူမ က စကားလက်ဆောင်ပါးလိုက်ပါတယ်။ “မြန်မာပြည်အကြောင်း အဖြစ်မှန်တွေကို အားလုံးကို ပြောပြပါ။ ကျမတို့ကို နုတ်ပိတ်ခံထားရပေမယ့် ရှင်ကတော့ ပြောနိုင်တယ်။” လို့ သူမ ကျနော့်ကို မှာတာကို မှတ်မိတယ်။ အထူးသဖြင့် မြန်မာလူငယ်တွေအပေါ်မှာ သူမက ဘယ်လောက်အထိ ဂုဏ်ယူသလဲဆိုတာကိုလည်း ပြောတယ်။ ဒီမိုကရေစီ ရဲ့ လွတ်လပ်မှုတွေကို ခဏလောက်ပဲ ခံစားခွင့် ရခဲ့ပေမယ့် ဒီမိုကရေစီအခွင့်အရေးတွေကို ခုခံကာကွယ်ဖို့ မြန်မာပြည်သူတွေ အဆင်သင့်ဖြစ်နေတာကို သူမ ကအရမ်းဂုဏ်ယူတယ်။”ဟုရှောင်တာနယ်လ်က NEWS10 ABC နှင့် အင်တာဗျုးတွင်​ဖြေကြားခဲ့သည်။

ထိုအပြင် စစ်​ကောင်စီက NLD ပါတီမှ ၎င်းတို့နှင့် နီးစပ်သူများမှတစ်ဆင့် ပါတီမှတ်ပုံတင်ရန် သွား​ရောက်စည်းရုံး​စေရာတွင်လည်း ​ဒေါ်​အောင်ဆန်းစုကြည်က လာ​တွေ့သူများကို ​နောင်လာမ​တွေ့ရန် ​ပြော၍ စစ်​ကောင်စီလိုလားမှုအထမ​မြောက်​အောင် သွယ်ဝိုက်ငြင်းဆန်ခဲ့​ကြောင်း ပါတီဝင်အချို့က​ပြောသည်။

နေပြည်တော်အချုပ်ထောင် တရားခွင်အတွင်း ၂၀၂၁ ​အောက်တိုဘာလတွင် သုံးကြိမ်​တွေဆုံခွင့်ရခဲ့ပြီးယခုအခါပြန်လည်လွတ်​မြောက်လာပြီး NUG ကာကွယ်​ရေးဝန်ကြီးဌာနဒုတိယအတွင်းဝန်တာဝန်ထမ်း​ဆောင်​နေ​​သော NLD အမတ် ဦး​မောင်​မောင်​ဆွေက ဒေါ်အောင်ဆန်းစုကြည်ကို မြင်​တွေ့ခံ့ရမှုအ​ပေါ် Myanmar Now သတင်းဌာနသို့ ​အောက်ပါအတိုင်း​ပြောပြထားသည်။

“အိုး (ဒေါ်အောင်ဆန်းစုကြည်က) ဘယ်တုန်းက ညည်းလို့လဲ။ ထောင်ထဲမှာလည်း လမ်းလျှောက်ရင် လွှားခနဲ၊ လွှားခနဲ နေတာပဲ။ ထုံးစံအတိုင်းပဲ။ …. ပိုပြီးတော့ တည်ငြိမ်လာတယ်။ ဗုဒ္ဓဘာသာအယူအဆအရ ပြောရရင် သမာဓိ ပိုကောင်းလာတယ်”ဟု ဦး​မောင်​မောင်​ဆွေက Myanmar Now သို့​ပြောသည်။

CRPHကခေတ်အဆက်ဆက်တွင် ဒီမိုကရေစီရရှိနိုင်ရေးအတွက် နှစ်ပေါင်းများစွာကြာတိုင်းရင်းသား ပြည်သူလူထုက နည်းလမ်းများစွာဖြင့် ကြိုးစားဖော်ဆောင်ခဲ့ကြပါသော်လည်း အာဏာရှင်စနစ်ဆိုး သည် သက်ဆိုးရှည်လျက် ငြိမ်းချမ်းမှုမရရှိနိုင်သေးသည့် အခြေအနေဖြစ်ကြောင်း၊ သို့ရာတွင် ယနေ့ နွေဦးတော်လှန်ရေးကာလ နှစ်နှစ်ကျော်ကာလအထိ ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသား ပြည်သူလူထုအားဖြင့် မိမိတို့အားလုံး ယုံကြည်ရာ မှန်ကန်သည့် လမ်းကြောင်းသို့ ဦးတည် ချီတက် လျှောက်လှမ်းနေကြဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီးအား အတူတကွ ထုဆစ်ပုံဖော်ရာတွင် တစ်ဦး နှင့် တစ်ဦးအကြားမတူညီမှုများကို အခြေခံလျက် စည်းလုံးမှုကိုထပ်တူပြုကာမဝေးသောအချိန်ကာလတစ်ခုတွင်နွေဦးတော်လှန်ရေအောင်ပွဲဆင်နိုင်မည်ကို အကြွင်းမဲ့ယုံကြည်သည်ဟုလည်းပါရှိသည်။

“လူထုခေါင်းဆောင်၏ (၇၈) နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် သက်ရှည် ကျန်းမာပါစေ။ အချုပ်အနှောင်မှ အမြန်လွတ်မြောက်ပါစေ။ တိုင်းပြည်နှင့် ပြည်သူ လူထုအကျိုး ဆက်လက်သယ်ပိုးဆောင်ရွက်နိုင်ပါစေ။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တွင် အေးချမ်းသာယာစွာဖြင့် လုံခြုံသောဘဝခရီးလမ်းကို ပြည်သူများနှင့်အတူတကွ ရှေ့ဆက် လျှောက်လှမ်းနိုင်ပါစေ” ဟုလည်း CRPH က မွေးနေ့ ဆုတောင်းသဝဏ်လွှာ၌ ဖော်ပြသည်။

(YRF-Yangon Revolution Force က ရန်ကုန်မြို့တစ်​​နေရာရှိ တံတားတစ်စင်းတွင် ​​ဒေါ်​အောင်ဆန်းစုကြည့်ပုံနှင့် We miss you စာတမ်း​ရေးဆွဲ၍ ဆန္ဒထုတ်​ဖော်ထားစဥ်။ ဓါတ်ပုံ-YRF)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’သည် အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ယခုအချိန်ထိလည်း အဆိုပါစစ်ဆင်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတက ချီးကျူးသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ