Connect with us

Hi, what are you looking for?

News

စစ်ကောင်စီဝါဒဖြန့်ခဲ့တဲ့အတိုင်း တရားရုံးမှာထွက်ဆိုခဲ့တဲ့ ဦးဖြိုးမင်းသိန်း ဒေါ်အောင်ဆန်းစုကြည်ကိုမျက်နှာချင်းမဆိုင်

“သူ့ကိုကြည့်ရတာ စိတ်ဓာတ်ကျနေပုံပါပဲ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့က ဖြတ်သွား တဲ့အချိန်မှာ မျက်နှာချင်းကြည့်တာမျိုးမရှိခဲ့ဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဟာ အကြမ်းဖက်စစ်ကောင်စီဖြန့်ဝေခဲ့တဲ့ ရုပ်သံထဲကအတိုင်း ဒီနေ့တရားရုံးမှာ ထွက်ဆိုခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာချင်းမဆိုင်ခဲ့ဘူးလို့ ရှေ့နေအဖွဲ့က ပြောပါတယ်။

ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားတဲ့အမှုကို စစ်ဆေးခဲ့ရာမှာ သက်သေအဖြစ် ဦးဖြိုးမင်းသိန်းလာ ရောက်ထွက်ဆိုခဲ့ပြီး စစ်ကောင်စီဖြန့်ဝေခဲ့တဲ့ရုပ်သံထဲက အတိုင်း ရွှေချောင်းတွေနဲ့ ဒေါ်လာတွေ ကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

“သူ့ကိုကြည့်ရတာ စိတ်ဓာတ်ကျနေပုံပါပဲ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့က ဖြတ်သွား တဲ့အချိန်မှာ မျက်နှာချင်းကြည့်တာမျိုးမရှိခဲ့ဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

Public Service Announcement

ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက သူတို့အမှုသည်ရဲ့ လမ်းညွှန်ချက်ကို မရရှိတာကြောင့် ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် တရားသူကြီးက ရွှေ့ဆိုင်းပေးခြင်းမရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အမှုသည်နဲ့ ပတ်သက်တဲ့စာရွက်စာတမ်းတွေကို ရဲက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးချိန်းမစတင် မီဒီနေ့မနက်မှ အချိန်ကပ်ပေးအပ်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း သူ့ရှေ့ နေတွေကို အမှုနဲ့ပတ်သက်လို့ လမ်းညွှန်ချက် မပေးနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ရုံးချိန်းရွှေ့ဆိုင်းပေးဖို့ ရှေ့နေတွေက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။