Connect with us

Hi, what are you looking for?

News

စစ်ကောင်စီသတင်းပေးဟုမသင်္ကာသူကို စိတ်ကြွဆေးပြားများနှင့်အတူဖမ်းမိဟု ကရင်နီပြည်ရဲဌာနထုတ်ပြန်

အဆိုပါ အမျိုးသားကို KGZ အထူးတပ်ဖွဲ့မှ အောက်တိုဘာ ၁ရက်တွင် ဖမ်းမိခဲ့ပြီး ယနေ့တွင် ရဲဌာနသို့လာရောက်အပ်နှံခဲ့သည်ဟုဖော်ပြထားသည်။ မည်သည့်မြို့နယ် မည်သည့်ဒေသ၌ ဖမ်းမိသည်ဆိုသည်ကိုမူ ဖော်ပြမထားပေ။

အကြမ်းဖက်စစ်ကောင်စီ သတင်းပေးဟု မသင်္ကာသူ အမျိုးသားတစ်ဦးကို စစ်ဆေးရာ WY စာတမ်းပါ စိတ်ကြွဆေးပါး ၆၇ ပြား ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်နီပြည်ရဲဌာန(KSP)က ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ အမျိုးသားကို KGZ အထူးတပ်ဖွဲ့မှ အောက်တိုဘာ ၁ရက်တွင် ဖမ်းမိခဲ့ပြီး ယနေ့တွင် ရဲဌာနသို့လာရောက်အပ်နှံခဲ့သည်ဟုဖော်ပြထားသည်။ မည်သည့်မြို့နယ် မည်သည့်ဒေသ၌ ဖမ်းမိသည်ဆိုသည်ကိုမူ ဖော်ပြမထားပေ။

အဆိုပါ မင်္သကာသူအား KSP မှ စစ်ဆေးမေးမြန်းမှုများဆောင်ရွက်လျက်ရှိပြီး လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

KSP အနေဖြင့် ယခင်ကလည်း စစ်ကောင်စီသတင်းပေးဟု မသင်္ကာသူ ၁၀ဦးကို ဖမ်းဆီးစစ်ဆေးပြီး သက်သေခိုင်လုံသည့် ၅ဦးကို ချုပ်နှောင်ကာ ကျန် ၅ဦးကို မိသားစုဝင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။