Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ်မှ ၂ဦးသေဟု ကော်ဘရာ အသိပေး

မြ၀တီမြို့အနီးတွင် ဇူလိုင် ၅ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူများရှိခဲ့ပြီး ဒဏ်ရာရသူများထဲတွင်လည်း အရာရှိများပါဝင်ခဲ့သည်။

(​ကော်ဘရာတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-Cobra Column)

▪︎ငါးရက်အတွင်းတိုက်ပွဲများ၌ စစ်ကောင်စီမှ ၅ဦးသေဆုံးကာ အရာရှိများလည်း ဒဏ်ရာရ

ကရင်ပြည်နယ် မြ၀တီမြို့အနီးတွင် ယနေ့ မနက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၂)ဦးသေ၊ (၃)ဦး ဒဏ်ရာရခဲ့ကြောင်းကရင်အမျိုးသာလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၉ရက် နံနက် ၁၀နာရီခန့်တွင် မြ၀တီမြို့အနီးလက်ခတ်တောင်ဒေသ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။စစ်ကောင်စီတပ်ကို တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ကျားသစ်နက်၊Federal Wingsတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ပွဲ၌ တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟုလည်း သိရသည်။

မြ၀တီမြို့အနီးတွင် ဇူလိုင် ၅ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူများရှိခဲ့ပြီး ဒဏ်ရာရသူများထဲတွင်လည်း အရာရှိများပါဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကော်ဘရာစစ်ကြောင်း၏ ဇူလိုင် ၇ရက် သတင်းထုတ်ပြန်ချက်တွင် မြ၀တီမြို့ စိမ်းလဲ့မြို့အနီး တွင် ဇူလိုင် ၅ရက်မှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရန် ကြိုးစားကာ လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ခတ်၍ ၂ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အသိ​ပေးထားသည်။

အဆိုပါတိုက်ပွဲတွင်လည်း ရန်သူဘက်မှ ၃ဦးသေဆုံးကာ ခမရ (၁၁၈)မှ ဗိုလ်မှူး တစ်ဦး ၊ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၅ ဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲ၌ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၁ဦး ဒဏ်ရာရခဲ့ပြီး ဒရုန်းတစ်စီး သေနတ်တစ်လက် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး ကလေး-တမူးလမ်းပိုင်းမှာပါဝင်တဲ့ ဝိတုပ်ကျေးရွာတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်ကတပ်ရင်းမှူးအပါအဝင်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးစစ်သုံ့ပန်းအချို့ကိုလည်းတော်လှန်ရေးတပ်တွေကဖမ်းမိထားတယ်လို့စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။