Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ်မှ ၂ဦးသေဟု ကော်ဘရာ အသိပေး

မြ၀တီမြို့အနီးတွင် ဇူလိုင် ၅ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူများရှိခဲ့ပြီး ဒဏ်ရာရသူများထဲတွင်လည်း အရာရှိများပါဝင်ခဲ့သည်။

(​ကော်ဘရာတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-Cobra Column)

▪︎ငါးရက်အတွင်းတိုက်ပွဲများ၌ စစ်ကောင်စီမှ ၅ဦးသေဆုံးကာ အရာရှိများလည်း ဒဏ်ရာရ

ကရင်ပြည်နယ် မြ၀တီမြို့အနီးတွင် ယနေ့ မနက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၂)ဦးသေ၊ (၃)ဦး ဒဏ်ရာရခဲ့ကြောင်းကရင်အမျိုးသာလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၉ရက် နံနက် ၁၀နာရီခန့်တွင် မြ၀တီမြို့အနီးလက်ခတ်တောင်ဒေသ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။စစ်ကောင်စီတပ်ကို တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ကျားသစ်နက်၊Federal Wingsတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ပွဲ၌ တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟုလည်း သိရသည်။

မြ၀တီမြို့အနီးတွင် ဇူလိုင် ၅ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူများရှိခဲ့ပြီး ဒဏ်ရာရသူများထဲတွင်လည်း အရာရှိများပါဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကော်ဘရာစစ်ကြောင်း၏ ဇူလိုင် ၇ရက် သတင်းထုတ်ပြန်ချက်တွင် မြ၀တီမြို့ စိမ်းလဲ့မြို့အနီး တွင် ဇူလိုင် ၅ရက်မှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရန် ကြိုးစားကာ လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ခတ်၍ ၂ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အသိ​ပေးထားသည်။

အဆိုပါတိုက်ပွဲတွင်လည်း ရန်သူဘက်မှ ၃ဦးသေဆုံးကာ ခမရ (၁၁၈)မှ ဗိုလ်မှူး တစ်ဦး ၊ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၅ ဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲ၌ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၁ဦး ဒဏ်ရာရခဲ့ပြီး ဒရုန်းတစ်စီး သေနတ်တစ်လက် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။