Connect with us

Hi, what are you looking for?

News

တောင်ပျောက်တိုက်နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ ဦးသေ၊ ၂၀ ကျော်ဒဏ်ရာရ

စစ်ကောင်စီဘက်က အင်အား ၆၀ ခန့်ရှိပြီး တိုက်ပွဲပြီးဆုံးချိန်တွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး၁၀ ဦးသေဆုံးပြီး ၂၀ ဦးအထက်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တနင်္သာရီလွတ်မြောက်ရေးကွန်ရက်ကသတင်းထုတ်ပြန်သည်။

သရက်ချောင်းမြို့နယ်၊တောင်ပျောက်တိုက်နယ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တနင်္သာရီလွတ်မြောက်ရေးကွန်ရက်ကသတင်းထုတ်ပြန်သည်။

တနင်္သာရီတိုင်းဒေသကြီး၊သရက်ချောင်းမြို့နယ်၊တောင်ပျောက်တိုက်နယ်တွင် ယနေ့ (အောက်တို ဘာ ၃ ရက်နေ့ )နံနက်က ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ( TYC-P.D.F) နှင့် အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီဘက်က အင်အား ၆၀ ခန့်ရှိပြီး တိုက်ပွဲပြီးဆုံးချိန်တွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး၁၀ ဦးသေဆုံးပြီး ၂၀ ဦးအထက်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တနင်္သာရီလွတ်မြောက်ရေးကွန်ရက်ကသတင်းထုတ်ပြန်သည်။

လွန်ခဲ့သော ၂ ရက်ခန့်ကလည်း တောင်ပျောက်တိုက်နယ်တွင် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ( TYC-P.D.F) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများမှ လူနေအိပ်များမီးရှို့ဖျက်ဆီး ခြင်း၊လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုတွေပြုလုပ်ခြင်း၊အပြစ်မဲ့ပြည်သူများကို အနိုင်ကျင့်ဖမ်းဆီးခြင်း နှင့် ငွေကြေး၊ပစ္စည်းများ အတင်းအဓမ္မလုယူသိမ်းဆီးခြင်းကိုလည်းပြုလုပ်ခဲ့ကြသည်ဟု တနင်္သာရီလွတ်မြောက်ရေးကွန်ရက်ကသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook