Connect with us

Hi, what are you looking for?

သတင်း

မြန်မာဆီက တင်ပို့ထားတဲ့ ခဲယမ်းမီးကျောက်တွေ ရုရှားအသုံးပြုနေကြောင်း ဓာတ်ပုံမှတ်တမ်း ထွက်ပေါ်လာ

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုထူထပ်လာမှာကို စိုးရိမ်ကြောင်း အမေရိကန်အစိုးရက ဖေဖော်ဝါရီလထဲမှာ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

ရုရှားစစ်တပ် အသုံးပြုနေသော မြန်မာထုတ် ခဲယမ်းမီးကျောက်တွေကို တွေ့ရစဉ်)
ရုရှားစစ်တပ် အသုံးပြုနေသော မြန်မာထုတ် ခဲယမ်းမီးကျောက်တွေကို တွေ့ရစဉ်)

မြန်မာနိုင်ငံမှာ ထုတ်လုပ်တင်ပို့တဲ့ ခဲယမ်းမီးကျောက်တွေကို ရုရှားစစ်တပ်က လက်ခံရရှိနေတယ်လို့ ယူကရိန်းရဲ့ စစ်လက်နက် သုတေသီတွေက ပြောပါတယ်။

ရုရှားစစ်တပ်ထဲမှာ အသုံးပြုနေတဲ့ ခဲယမ်းမီးကျောက်တွေထဲက လက်နက်ကြီး ကျည်ဆန်တတောင့်ဟာ မြန်မာနိုင်ငံမှာ ထုတ်လုပ်ထားတာဆိုတဲ့ အထောက်အထားတွေကို ယူကရိန်း လက်နက် စောင့်ကြည့်အဖွဲ့ (UWT)ရဲ့ သုတေသီတွေက ဓာတ်ပုံ မှတ်တမ်းတွေကနေတဆင့် အတည်ပြု ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီ ဓာတ်ပုံမှတ်တမ်းတွေအရ ရုရှားဟာ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ (၁၂၀)မမ မော်တာ ကျည်ဆန်တွေကို အသုံးပြုနေတာ တွေ့ရပါတယ်။ ဓာတ်ပုံထဲက လက်နက်ကြီးကျည်ဆန်မှာ အမှတ်အသား အများစုကို ဖျက်ထားပေမယ့် 120ER အမျိုးအစား မော်တာကျည်ရဲ့ ကွဲပြားထင်ရှားတဲ့ ထိပ်ဖူးပုံစံ၊ နောက်မြီးတွေ၊ စနက်တံ တည်ဆောက်ပုံတွေအရ မြန်မာနိုင်ငံက ထုတ်လုပ်တယ်ဆိုတာ ခွဲခြားသိမြင်နိုင်တယ်လို့ UWTက ပြောပါတယ်။

အဲဒီခဲယမ်းမီးကျောက်တွေကို စစ်ကောင်စီက တင်ပို့ပေးနေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုထူထပ်လာမှာကို စိုးရိမ်ကြောင်း အမေရိကန်အစိုးရက ဖေဖော်ဝါရီလထဲမှာ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

အရင်ကလည်း ယူကရိန်း စစ်ပွဲဒဏ်ကြောင့် စစ်လက်နက်တွေ ပြုန်းတီးနေတဲ့ ရုရှားကို မြန်မာက ခဲယမ်းမီးကျောက်တွေ တင်ပို့နေတယ်ဆိုတဲ့ ခန့်မှန်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မြန်မာစစ်တပ်က ငြင်းဆိုခဲ့ပါတယ်။ ရုရှားဟာ ကမ္ဘာပေါ်မှာ လက်နက်ထုတ်လုပ်ရောင်းချမှု အများဆုံး စာရင်းဝင် နိုင်ငံတစ်ခုသာဖြစ်ပြီး အခုလို စွပ်စွဲချက်မျိုးက အဓိပ္ပါယ် မရှိသလို လက်တွေ့လည်း မကျဘူးလို့ VoAနဲ့ ဖုန်းအင်တာဗျူးမှာ ပြောကြားခဲ့ဖူးပါတယ်။

ရုရှားဟာ အရင်ကတည်းက မြန်မာစစ်တပ်အတွက် လက်နက်ခဲယမ်းတွေ အဓိက ထောက်ပံ့ တင်ပို့တဲ့ နိုင်ငံတစ်ခု အနေနဲ့ ရပ်တည်ခဲ့ပါတယ်။ အာဏာသိမ်းမှုနဲ့ ယူကရိန်း စစ်ပွဲကြောင့် နိုင်ငံတကာ အသိုက်အဝန်းမှာ အပယ်ခံဘဝတွေ အသီးသီး ရောက်ရှိခဲ့ခြင်းက ရုရှားအစိုးရနဲ့ မြန်မာစစ်တပ်တို့ကြား ဘဝတူချင်း ပိုပြီး နီးစပ်မှုတွေ ရှိသွားစေတယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

မနှစ်တုန်းကလည်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လေတပ်ဟာ ရုရှားဆီက ခေတ်မီ အဆင့်မြင့် SU-30SME တိုက်လေယာဉ် အသစ်နှစ်စီးကို စတင် လက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့် ရုရှားရဲ့ SU-30SM တိုက်လေယာဉ်တွေရဲ့ ပြည်ပတင်ပို့တဲ့ မျိုးကွဲကို ပထမဆုံး လက်ခံရရှိတဲ့ ဖောက်သည်နိုင်ငံအဖြစ် မြန်မာက မှတ်တမ်း ဝင်ခဲ့ပါတယ်။

မကြာသေးခင်တုန်းကလည်း ရုရှား အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ စစ်လက်နက်ပစ္စည်း စက်ရုံတချို့ဟာ အိန္ဒိယနဲ့ မြန်မာဆီ တင်ပို့ထားဖူးပြီး အသုံးမပြုရသေးဘဲ ပိုလျှံနေတဲ့ ဒုံးကျည်နဲ့ လက်နက်ပစ္စည်း အစိတ်အပိုင်းတွေကို ပြန်လည် ဝယ်ယူခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်