Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ယာဥ်များနှင့်မကပ်ဘဲ ရှောင်ရှားသွားလာကြရန် နေပြည်တော် PDF သတိပေး

အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး နေပြည်တော်ရှိ ကက(ဝယ်)ဟု လူသိများသော ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသည် စက်တင်ဘာ ၃၀ ရက် ညနေ ၅ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

နေပြည်တော်တွင် မြို့ပြပျောက်ကြားစစ်ဆင်ရေး လှုပ်ရှားမှုများပြုလုပ်တော့မည်ဖြစ်၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ယာဥ်တန်းများ အနားသို့ မကပ်ဘဲ ရှောင်ရှားသွားလာကြရန် ပြည်သူ့ကာကွယ်ရေတပ်မတော်(နေပြည်တော်)က အသိပေးသည်။

နေပြည်တော်တွင် စစ်ဆင်ရေးများအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်များဖြစ်သော အကြမ်း ဖက်စစ်သားများနှင့် ရဲဝန်ထမ်းများအား တိုက်ခိုက်နိုင်ရန် အခွင့်အရေးအကြိမ်ကြိမ်ရခဲ့သော်လည်း အနီးနားရှိ အပြစ်မဲ့မိဘပြည်သူများ ထိခိုက်ဒဏ်ရာရမည်ကို ငဲ့ညှာသောအားဖြင့် အခွင့်ကောင်းများကို အကြိမ်ကြိမ်လက်လွှတ်ခဲ့ရကြောင်း၊ မိဘပြည်သူများအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်စစ်သားများနှင့် ရဲဝန်ထမ်းများ၊ ၎င်းတို့၏ ယာဥ်တန်းများအနီးသို့ အတက်နိုင်ဆုံးမကပ်ဘဲ ရှောင်ရှားသွားလာကြရန် အထူးမေတ္တာရပ်ခံကြောင်း နေပြည်တော်က ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ယနေ့(အောက်တိုဘာလ ၄ ရက်)တွင် အသိပေးသည်။

နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ၂၀၂၁ အောက်တိုဘာမှစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)နှင့်အတူ အခြားသောတော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်းပြီး နေပြည်တော်အတွင်းနေရာအနှံ့ ပိုမိုပြင်းထန်သည့် မြို့ပြပြောက်ကျားစစ်ဆင်ရေးလှုပ်ရှားမှုများ စတင်ပြုလုပ်တော့မည်ဖြစ်ပါသဖြင့် နေအိမ်ရှေ့များတွင် လမ်းဘက်သို့မျက်နှာမူပြီး တပ်ဆင်ထားသော လုံခြုံရေးစီစီတီဗွီကင်မရာများကို ပိတ်ထားပေးပါရန်(သို့မဟုတ်) လမ်းဘက်သို့ မျက်နှာမမူဘဲ အခြားတစ်နေရာသို့ မြင်ကွင်းပြောင်းပြီး ချိန်ရွယ်ထားပြီး ပူးပေါင်းကူညီပေးရန် အောက်တိုဘာလ ၃ ရက်တွင် အသိပေးထားသည်။

စစ်ဆင်ရေးပြုလုပ်နေစဥ်အတွင်း မိဘပြည်သူများ အန္တရာယ် ကင်းရှင်းရေးအတွက် NUG၏ ကြိုတင်လမ်းညွှန်ချက်များကို ကြိုလေ့လာထားသင့်ပြီး လမ်းညွှန်ချက်အတိုင်းဆောင်ရွက်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အကူအညီတောင်းခံလာလျှင်လည်း အကူအညီပေးကြပါရန် နေပြည်တော် PDFက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး နေပြည်တော်ရှိ ကက(ဝယ်)ဟု လူသိများသော ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသည် စက်တင်ဘာ ၃၀ ရက် ညနေ ၅ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

Facebook