Connect with us

Hi, what are you looking for?

News

မူဆယ်ကုန်သွယ်ရေးစခန်း သောင်တင်နေသည့် တရုတ်ပစ္စည်းများ တင်သွင်းခွင့်ရမည်

မြန်မာနိုင်ငံသို့ တင်သွင်းရန် သောင်တင်နေသည့် ကုန်ပစ္စည်းများကိုသာ တင်သွင်းရမည်ဖြစ်ပြီး ကုန်ပစ္စည်းများ ထပ်မံတင်သွင်းခွင့်ရမည်မဟုတ်ကြောင်း အဆိုပါအသင်း၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။

တရုတ်ကုန်ပစ္စည်းများ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မကြာခင် ပြန်လည်တင်သွင်းခွင့်ရမည်ဖြစ်ကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက အောက်တိုဘာ ၃ ရက်တွင်ထုတ်ပြန်သည်။

မြန်မာနိုင်ငံသို့ တင်သွင်းရန် သောင်တင်နေသည့် ကုန်ပစ္စည်းများကိုသာ တင်သွင်းရမည်ဖြစ်ပြီး ကုန်ပစ္စည်းများ ထပ်မံတင်သွင်းခွင့်ရမည်မဟုတ်ကြောင်း အဆိုပါအသင်း၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံ ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်ပြီး ဇူလှိုင် ၈ရက်တွင် ကိုဗစ်အကြောင်းပြချက်ဖြင့် တရုတ်က ကုန်သွယ်မူများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

အထက်ပါကုန်သည်အသင်း၏ ထုတ်ပြန်ချက်မှာ ကုန်တင်ပြီးကားများနှင့် ဂိုဒေါင်၊ကုန်ဂိတ်များက မြန်မာပြည်တွင်းတင်ပို့ရန်ကျန်ရှိသော သွင်းကုန်ပစ္စည်းများကိုသာ တင်ပို့ခွင့်ရမည်ဟု ပါဝင်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မြန်မာနိုင်ငံ ကုန်တင်ကားများသည် တရုတ်နိုင်ငံအတွင်းသို့ ကုန်မပါဘဲဝင်ရောက်ရမည်ဟု ဆိုထားသည်။

မြန်မာပြည်ဘက်ကို တင်ပို့ရန်ကျန်ရှိသည့် ကုန်ပစ္စည်းများအတွက် ကားအစီး ၇၀၀ခန့် တင်သွင်းရမည်ဖြစ်ဟု အဆိုပါအသင်းကဆိုထားသည်။ ထိုကုန်ပစ္စည်းများကို အောက်တိုဘာလကုန်အပြီး သယ်ယူရမည်ဟု ဆိုထားသည်။

မူဆယ်ကုန်သွယ်စခန်းသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက်ကြီး စခန်းတစ်ခုဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၅ ဘီလီယံ ခန့်ကုန်သွယ်နေသည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံနဲ့နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တွေအမည်ခံထားတဲ့ တရုတ်နိုင်ငံသားပိုင် မီးရှူးမီးပန်းစက်ရုံ တစ်ရုံမီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

တရုတ်အစိုးရကကြီးကျယ်စွာကျင်းပခဲ့​သောဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို MNDAAကလည်း ရှမ်းမြောက်ရှိ မူဆယ်နှင့် လောက်ကိုင်မြို့တွင်စက်တင်ဘာလ ၃ရက်ကကျင်းပခဲ့ပြီး ရှမ်းမြောက်ဒေသတွင်းနိုင်ငံရေးအခြေအနေကိုစောင့်ကြည့်သင့်ကြောင်း စစ်ရေးလေ့လာသူအချို့က သုံးသပ်သည်။

သတင်း

မူဆယ်မြို့တွင် အုပ်စုဖွဲ့လုယက်သူတစ်စုက အမျိုးသမီးတစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာထိုးပြီးလုယက်၍ အဆိုပါအမျိုးသမီး သေဆုံးသွားခဲ့သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာအနီး အရပ်သားအမျိုးသမီးနှစ်ဦးအား သေနတ်သမားနှစ်ဦးက ယ​နေ့ည​နေတွင်လူမြင်ကွင်း၌ပစ်ခတ်သတ်ဖြတ်သွားကြောင်း အဆိုပါမြို့ခံများက ပြောသည်။